သီရိလင်္ကာနိုင်ငံ ပါလီမန်ရွေးကောက်ပွဲကို ဇွန် ၂၀ ရက်တွင် ကျင်းပမည်

သီရလင်္ကာနိုင်ငံ ၏ ရွေးကောက်ပွဲတစ်ခုတွင် မဲပေးရန် တန်းစီနေသော ပြည်သူများအားတွေ့ရစဉ် (ဆင်ဟွာ) ASEAN

 ကိုလံဘို၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) 

သီရိလင်္ကာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်က သီရိလင်္ကာနိုင်ငံ၏ ပါလီမန်ရွေးကောက်ပွဲကို ဇွန် ၂၀ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ဧပြီ ၂၀ ရက်ညနေပိုင်းက ကြေညာခဲ့သည်။ 

မူလက ရွေးကောက်ပွဲကို ဧပြီ ၂၅ ရက်တွင် ကျင်းပရန်စီစဉ်ထားသော်လည်း မတ်လတွင် COVID-19 ရောဂါဖြစ်ပွားခဲ့သည့် အတွက် ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ကျင်းပမည့်ရက် အားရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်ထွက်လာပြီးနောက် အစိုးရသတင်းထုတ်ပြန်ရေးဌာနမှ ထုတ်ပြန်သော ကြေညာချက်တစ်စောင်တွင် ဇွန် ၂၀ ရက်ကို ရွေးကောက်ပွဲ ကျင်းပမည့်ရက်စွဲအသစ်အဖြစ် အထူးသတိပေးကြေညာချက်တစ်စောင်ထုတ်ပြန်၍ ကြေညာပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ 

ရွေးကောက်ပွဲကော်မရှင်အကြီးအကဲ Mahinda Deshapriya က အစိုးရဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်ရန် သတင်းပေးပို့မှု မရှိခြင်းကြောင့် မူလ ကြေညာထားသည့် ဧပြီ ၂၅ ရက်တွင် ရွေးကောက်ပွဲကျင်းပရန် မဖြစ်နိုင်ကြောင်း နှင့် ပတ်ဝန်းကျင်အနေအထားမှာလည်း မဲပေးပွဲကျင်းပရန်အတွက် သင့်လျော်မှုမရှိကြောင်း အစောပိုင်းတွင် ပြောကြားခဲ့သည်။

 သို့သော်လည်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ၏ ဧပြီ ၂၀ ရက် တွင် ကျင်းပခဲ့သည့် အစည်းအဝေးတစ်ခုအရ ဇွန် ၂၀ ရက်ကို ရွေးကောက်ပွဲကျင်းပမည့်  ရက်စွဲသစ်အဖြစ် သတ်မှတ်ထားပြီး ဖြစ်ကြောင်း ပြည်တွင်းသတင်းထောက်များအား Deshapriya က ပြောကြားခဲ့သည်။ သီရိလင်္ကာနိုင်ငံသမ္မတ Gotabaya Rajapaksa သည် ပါလီမန်အား မတ် ၂ ရက်တွင် ဖျက်သိမ်းခဲ့ကြောင်း သိရသည်။ (Xinhua)