ရန်ကုန် ၊ မေ ၂၆ ရက်(ဆင်ဟွာ)

စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန ၁၅၆ ခုမှ အာမခံထားရှိသော အလုပ်သမား ၂၆,၃၀၅ ဦး အတွက် မေ ၂၄ ရက်ထိ ငွေကျပ် ၅၅၉ ဒသမ ၄ သန်း (၅၅၉,၄၃၅,၈၀၅ ဒသမ ၆၉)ကို လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် အဖြစ် ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရသည်။ 

ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ COVID-19 ရောဂါသည် ပြည်တွင်းနေပြည်သူအချင်းချင်းကြား ကူးစက်မှုသစ် လူနာ မတွေ့ရှိတော့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင်  ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။

ရန်ကုန် ၊ မေ ၂၃ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုး ဓာတ်ခွဲ စစ်ဆေးမှုများအရ မေ ၂၃ ရက် နံနက်အထိ အတည်ပြုလူနာ ၂၀၁ ဦးတွင် ၆၁ ရာခိုင်နှုန်း ဖြစ်သည့် ၁၂၁ ဦးမှာ ရောဂါလက္ခဏာ မပြဘဲ ကူးစက်ခံနေရသူများ ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။ 

ရန်ကုန် ၊ မေ ၂၃ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားမှု နှစ်လဝန်းကျင် ရှိလာချိန်တွင် လက်ရှိအနေအထားအရ COVID-19 ရောဂါ ထိန်းချုပ်ရေး အတိုင်းအတာ တစ်ခုထိ ဆောင်ရွက်နိုင်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။ 

နေပြည်တော်၊ မေ ၂၂ ရက်(ဆင်ဟွာ)

COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာ အထောက်အကူပစ္စည်းများအား ယခုလ အတွင်း ပြည်သူ့ ဆေးရုံ ၇၀၀ ကျော်သို့တပ်မတော်က လှူဒါန်းမည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယနေ့ ညနေပိုင်း သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ရန်ကုန် ၊ မေ ၂၂ ရက် (ဆင်ဟွာ)

ယူနန်ပေါင်စန်းဟိန်ယိအုပ်စု ကုမ္ပဏီ က မြန်မာ နိုင်ငံ COVID-19 ရောဂါ တိုက်ဖျက်ရေး အတွက် ငွေကျပ် ၄,၂၈၉ သိန်းကျော်ခန့် တန်ဖိုးရှိ ကပ်ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းပေးခဲ့ပြီးနောက် တွင် မေ ၂၂ ရက် ၌ ငွေကျပ် ၁,၁၈၅ သိန်းကျော်ခန့် တန်ဖိုး ရှိ N95 နှာခေါင်းစည်း အခုရေ ၂ သောင်း အား ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ နှင့် တပ်မတော် ဆေးတပ်ဖွဲ့ ထံသို့  ထပ်မံ လှူဒါန်းပေး ခဲ့သည်။

နေပြည်တော်၊ မေ ၂၂ ရက်(ဆင်ဟွာ)

COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသနိုင်ရေးအတွက် ရောဂါပိုး ရှိ မရှိ စစ်ဆေးခြင်းကို လာမည့် ဇွန်လဆန်းမှ စပြီး လူဦးရေ ပိုမို များပြားစွာ စစ်ဆေးပေးနိုင်တော့မည်ဟု  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက  ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေး၌ ဖြေကြားခဲ့သည်။ 

ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ မှ ဧပြီ လ အထိ မြန်မာနိုင်ငံ သို့ ခရီးသွားဧည့်သည်ဝင်ရောက်မှု သည် ၂၀၁၉ ခုနှစ် ကာလ တူအချိန် နှင့် နှိုင်းယှဉ်ပါက ယခုနှစ်သည်COVID-19 ရောဂါကြောင့် ခရီးသွားဧည့်သည်ဝင်ရောက်မှု စုစုပေါင်း ၄၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဟိုတယ် နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှိုင် ဦးက ဆင်ဟွာသို့ မေ ၂၁ ရက်တွင်ပြောကြားသည်။ 

ရန်ကုန် ၊ မေ ၂၁ ရက်(ဆင်ဟွာ)

ချင်းပြည်နယ် ဖလမ်း(ဆူရ်ဘုန်) လေဆိပ်အား ယခုနှစ် ဇွန်လကုန်တွင် လုပ်ငန်းများ ပြီးစီးကာ စက်တင်ဘာလတွင် ပုံမှန်လေကြောင်းခရီးစဉ်များ စတင်ပြေးဆွဲနိုင်ရေး မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် စည်ပင်သာယာရေး ၊ လျှပ်စစ် နှင့် စက်မှု ဝန်ကြီး ဦးစိုးထက်က ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။ 

ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ)

ဆေးသုတေသနဦးစီးဌာန (DMR)နှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ယနေ့ မေ ၂၀ ရက်၌ ပထမအသုတ်အဖြစ်ဓာတ်ခွဲနမူနာများ စစ်ဆေးခဲ့ရာ ယူအေအီးနိုင်ငံမှ ပြန်လာသူ ၆ဦးထံမှ COVID-19 ရောဂါပိုးကို စစ်ဆေးတွေ့ရှိပြီး ယခုအခါ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၉၉ ဦးထိ ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။