15
Sun, Jul
807 New Articles

ပေကျင်း ၊ မတ် ၁၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ထိပ်တန်းနိုင်ငံရေး အတိုင်ပင်ခံ ကိုယ်စားလှယ်များတက်ရောက်ခဲ့သော တရုတ်ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ(CPPCC) ၏ ၁၃ ကြိမ်မြောက် အမျိုးသားကော်မတီ၏ ပထမ အကြိမ်အစည်းအဝေး ပိတ်ပွဲ အခမ်းအနားကို ယနေ့ ( မတ်လ ၁၅ ရက်) နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေကျင်း၊ မတ် ၁၄ ရက် (ဆင်ဟွာ)

တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုညီလာခံ (CPPCC) အမျိုးသားကော်မတီ ဥက္ကဋ္ဌအဖြစ် ဝမ်းယန် (Wang Yang) အား မတ်လ ၁၄ ရက် နေ့လည်ပိုင်းက ရွေးချယ်လိုက်ကြောင်း သိရသည်။

ပေကျင်း၊ မတ် ၁၄ ရက် (ဆင်ဟွာ)

၁၃ ကြိမ်မြောက် တရုတ် ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုညီလာခံ (CPPCC) အမျိုးသားကော်မတီ ဒုတိယ ဥက္ကဋ္ဌ ၂၄ ဦးအား မတ်လ ၁၄ ရက်က ရွေးချယ်လိုက်ကြောင်း သိရသည်။

ပေကျင်း ၊ မတ် ၉ ရက် (ဆင်ဟွာ)

၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့  နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ ( CPPCC ) ပထမ အကြိမ် ဒုတိယမြောက် မျက်နှာစုံညီ အစည်းအဝေး အား မတ်လ ၈ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ပေကျင်းမြို့ ရှိ ပြည်သူ့ ခန်းမကြီး တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး အစည်းအဝေး တွင် CPPCC ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း မူကြမ်း အား အဓိက ထား ဆွေးနွေး ခဲ့ပြီး တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ နိုင်ငံရေးဗျူရို အမြဲတမ်း ကော်မတီဝင် ၊ ၁၃ ကြိမ်မြောက် CPPCC ပထမ အကြိမ် အစည်းအဝေး ၏ ခေါင်းဆောင်များ အစည်းအဝေး အခမ်းအနားမှူး ဝမ်းရန် (Wang Yang) တက်ရောက် ခဲ့သည်။

 

ပေကျင်း ၊ မတ် ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ခေတ်သစ်တွင် စစ်ဘက်-အရပ်ဘက် နက်ရှိုင်းစွာ အတူတကွပေါင်းစည်းရန် မတ်လ ၂ ရက်တွင် ပြောကြားလိုက်သည်။

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) မှ ဦးဆောင်သော ပါတီစုံ ပူးပေါင်းဆောင်ရွက်မှု နှင့် နိုင်ငံရေးအရ တိုင်ပင်ဆွေးနွေးမှု စနစ်သည် လူသားမျိုးနွယ်၏ နိုင်ငံရေးယဉ်ကျေးမှုအတွက် မဟာထောက်ပံ့ဆောင်ရွက်မှုတစ်ခုဖြစ်ကြောင်း မတ် ၄ရက် တွင်ပြောကြားခဲ့သည်။

ပေကျင်း ၊ မတ် ၄ ရက် (ဆင်ဟွာ)

၁၂ ကြိမ်မြောက် တရုတ်ပြည်သူ့  နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ ( CPPCC ) အမျိုးသားကော်မတီ ဥက္ကဋ္ဌ ယွီကျိန့်စိန်း (Yu Zhengsheng) က မတ်လ ၃ ရက် တွင် ကျင်းပပြုလုပ်ခဲ့ သည့် ၁၃ ကြိမ်မြောက် CPPCC  အမျိုးသားကော်မတီ ပထမအကြိမ် အစည်းအဝေး ၌် ပြီးခဲ့သော ၅ နှစ်တာ ကာလ အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်း အစီရင် ခံစာ ဖတ်ကြား ရာတွင် အနာဂတ် လုပ်ငန်းဆောင်ရွက်မှု နှင့် ပတ်သက်၍ အကြံပြုချက် ၅ ချက်အား တင်ပြ ခဲ့သည်။

ပေကျင်း ၊ မတ် ၃ ရက် (ဆင်ဟွာ)

၁၂ ကြိမ်မြောက် တရုတ်ပြည်သူ့  နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ ( CPPCC ) အမျိုးသားကော်မတီ ဥက္ကဋ္ဌ ယွီကျိန့်စိန်း (Yu Zhengsheng) က ယနေ့ မတ်လ ၃ ရက် တွင် ကျင်းပ ပြုလုပ် သည့် ၁၃ ကြိမ်မြောက် CPPCC  အမျိုးသားကော်မတီ ပထမအကြိမ် အစည်းအဝေး ၌် ပြီးခဲ့သော ၅ နှစ်တာ ကာလ အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်း အစီရင် ခံစာ အား ရှင်းလင်း ပြောကြား ခဲ့သည်။

ပေကျင်း၊ မတ် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ထိပ်တန်းနိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ သည် ၎င်း၏ နှစ်ပတ်လည်အစည်းအဝေးပွဲအား ပေကျင်းမြို့၌ မတ်လ ၃ရက် နေ့လည်ပိုင်းတွင် စတင်ကျင်းပခဲ့ပြီး “ကြီးကျယ်ခမ်းနားသော ခေတ်သစ်ဆိုရှယ်လစ်နိုင်ငံတော်” ဆီသို့ အရောက်လှမ်းမည့် နိုင်ငံတော်၏ရည်ရွယ်ချက်ပန်းတိုင် အတွက် အစီအစဉ်သစ်များ ဆောင်ရွက်ရန် ကတိပြုခဲ့ကြကြောင်း သိရသည်။

ပေကျင်း ၊ မတ် ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံပေကျင်းမြို့ ၌ ယနေ့ (မတ်လ ၃ ရက်) တွင် စတင်ကျင်းပသည့် တရုတ်ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ (CPPCC) စတင်ဖွင့်လှစ် ခြင်းအခမ်းအနားကို တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် အပါအဝင် တရုတ်နိုင်ငံကွန်မြူနစ်ပါတီ နှင့် အစိုးရအဖွဲ့ ခေါင်းဆောင်များ ၊ တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ ကိုယ်စားလှယ်များ စုံညီစွာ တက်ရောက် ခဲ့ကြကြောင်း သိရသည်။(Xinhua) 

Page 1 of 2