17
Sat, Nov
684 New Articles

တရုတ်နိုင်ငံ၏ အဓိကကျသော နိုင်ငံရေး အစည်းအဝေးများအတွက် သတင်းစင်တာ ဖွင့်လှစ်

၁၃ ကြိမ်မြောက် အမျိုးသား ပြည်သူ့ ကွန်ဂရက် (National People’s Congress= NPC) ပထမအကြိမ် နှစ်ပတ်လည် အစည်းအဝေးနှင့် ၁၃ ကြိမ်မြောက် တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ညီလာခံ (Chinese People’s Political Consultative Conference= CPPCC) ၏ ပထမအကြိမ် အမျိုးသား ကော်မတီ အစည်းအဝေးအတွက် သတင်းစင်တာ ပြင်ဆင်မှုများအား တွေ့ရစဉ် (ဆင်ဟွာ) CPPCC

ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် မကြာမီ ကျင်းပတော့မည့် ဥပဒေပြုရေးနှင့် နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု နှစ်ပတ်လည် အစည်းအဝေးများအတွက် သတင်းစင်တာကို ဖေဖော်ဝါရီလ ၂၇ ရက်က ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

၁၃ ကြိမ်မြောက် အမျိုးသား ပြည်သူ့ ကွန်ဂရက် (National People’s Congress= NPC) ပထမအကြိမ် နှစ်ပတ်လည် အစည်းအဝေးအား မတ်လ ၅ ရက်တွင်လည်းကောင်း၊ ၁၃ ကြိမ်မြောက် တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ညီလာခံ (Chinese People’s Political Consultative Conference= CPPCC) ၏ ပထမအကြိမ် အမျိုးသား ကော်မတီ အစည်းအဝေးအား မတ်လ ၃ ရက်တွင်လည်းကောင်း အသီးသီးကျင်းပမည် ဖြစ်သည်။

၁၃ ကြိမ်မြောက် အမျိုးသား ပြည်သူ့ ကွန်ဂရက် (National People’s Congress= NPC) ပထမအကြိမ် နှစ်ပတ်လည် အစည်းအဝေးနှင့် ၁၃ ကြိမ်မြောက် တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ညီလာခံ (Chinese People’s Political Consultative Conference= CPPCC) ၏ ပထမအကြိမ် အမျိုးသား ကော်မတီ အစည်းအဝေးအတွက် သတင်းစင်တာ ပြင်ဆင်မှုများအား တွေ့ရစဉ် (ဆင်ဟွာ)

ယခုနှစ်သည် ၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ (CPC) အမျိုးသား ညီလာခံ၏ သဘောထားအား အကောင်အထည်ဖော်မည့် ပထမဆုံးနှစ် ဖြစ်သလို တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်ဝါဒ ကျင့်သုံးမှု နှစ် ၄၀ ပြည့်လည်း ဖြစ်ကာ အဆိုပါ အစည်းအဝေးများသည် ကမ္ဘာတစ်ဝန်းမှ စိတ်ဝင်စားမှုအား ဆွဲဆောင်နိုင်မည် ဖြစ်သည်။

ထို အစည်းအဝေးများ တက်ရောက်ရန် သတင်းထောက် ၃,၀၀၀ ကျော် တက်ရောက်မည် ဖြစ်ပြီး ပြည်ပမှ သတင်းထောက် ၁,၀၀၀ ကျော် တက်ရောက်မည် ဖြစ်ကြောင်း သတင်းစင်တာမှ ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမကြီးတွင် ပြုလုပ်မည့် အစည်းအဝေးများအတွင်း သတင်းထောက်များသည် NPC ကိုယ်စားလှယ်များ၊ CPPCC အမျိုးသား ကော်မတီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမေးမြန်းခွင့်ရရှိမည် ဖြစ်သည်။ (Xinhua)