၁၂ ကြိမ်မြောက် တရုတ်ပြည်သူ့  နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ အမျိုးသားကော်မတီ က အနာဂတ် လုပ်ငန်း ဆောင်ရွက်မှု နှင့် ပတ်သက်၍ အကြံပြုချက်များ တင်ပြ

CPPCC

ပေကျင်း ၊ မတ် ၄ ရက် (ဆင်ဟွာ)

၁၂ ကြိမ်မြောက် တရုတ်ပြည်သူ့  နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ ( CPPCC ) အမျိုးသားကော်မတီ ဥက္ကဋ္ဌ ယွီကျိန့်စိန်း (Yu Zhengsheng) က မတ်လ ၃ ရက် တွင် ကျင်းပပြုလုပ်ခဲ့ သည့် ၁၃ ကြိမ်မြောက် CPPCC  အမျိုးသားကော်မတီ ပထမအကြိမ် အစည်းအဝေး ၌် ပြီးခဲ့သော ၅ နှစ်တာ ကာလ အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်း အစီရင် ခံစာ ဖတ်ကြား ရာတွင် အနာဂတ် လုပ်ငန်းဆောင်ရွက်မှု နှင့် ပတ်သက်၍ အကြံပြုချက် ၅ ချက်အား တင်ပြ ခဲ့သည်။

ယွီကျိန့်စိန်း က ၁၉ ကြိမ် မြောက် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) အမျိုးသား ညီလာခံ တွင် ဘက်စုံဆင်းရဲနွမ်းပါးမှု ကင်းမဲ့ သည့် သာယာနာပျော်ဖွယ် ကောင်းသော လူမှုအသိုင်းအဝိုင်း တည်ဆောက်ရန် အတွက် စီစဉ်ရေးသားပေး ခဲ့ပြီး ခေတ်သစ် တရုတ် ဆိုရှယ်လစ် ဝါဒ နိုင်ငံတော်ကြီး တည်ဆောက်ရေး အတွက် မဟာလမ်းပြ မြေပုံ ကို ပေါ်ဖော်ပေးခဲ့ကြောင်း ၊ CPPCC အမျိုးသားကော်မတီ အနေဖြင့် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ခေတ်သစ် တရုတ် ဆိုရှယ်လစ် ဝါဒ အတွေးအမြင် ကို အဓိက ရည်မှန်းချက် အဖြစ်ထားရှိကာ လုပ်ငန်း ဆောင်ရွက်မှုများအား တည်ငြိမ်စွာ တိုးတက်မှု ရရှိရေး ကို ခိုင်မြဲစွာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ဖွံ့ဖြိုးတိုးတက်ရေး အတွေးအမြင်သစ် နှင့် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး အတွေးအမြင်များအား ခိုင်မြဲစွာ ဆောင်ရွက်ပြီး ကဏ္ဍ ၅ ခု တွင် တည်ဆောက်မှု များ ဆောင်ရွက်ပြီး ဆင်းရဲနွမ်းပါးမှု ကင်းမဲ့သည့် အသိုက်အဝန်း တည်ဆောက်ရေး တွန်အား ပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍ ၄ ခု မဟာဗျူဟာ အခင်းအကျင်း ကို ညှိနှိုင်း ဆောင်ရွက် ကာ ဆိုရှယ်လစ်ဝါဒ ခေတ်မီ နိုင်ငံတော် ဘက်စုံ တည်ဆောက်မှု တွင် ပေးဆပ်မှု အသစ်များ ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အနာဂတ် လုပ်ငန်း ဆောင်ရွက်မှု များနှင့် ပတ်သက်၍ ယွီကျိန့်စိန်း က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ခေတ်သစ် တရုတ် ဆိုရှယ်လစ် ဝါဒ အတွေးအမြင် ကို နက်ရှိုင်းစွာ လေ့လာသင်ယူ သွားရမည် ဖြစ်ကြောင်း ၊ ဘက်စုံ ဆင်းရဲနွမ်းပါးမှု ကင်းမဲ့သည့် အသိုက်အဝန်း တည်ဆောက်ရေး ကို အောင်ပွဲ ရရှိအောင် ဆောင်ရွက်ပြီး ဆိုရှယ်လစ်ဝါဒ ခေတ်မှီ နိုင်ငံတော် ဘက်စုံ တည်ဆောက်မှု တွင် ကာယဥာဏ စွမ်းအား များကို ပေးဆပ်သွားရမည် ဖြစ်ကြောင်း ၊ CPPCC က မတူညီသော အခြေအနေ များအောက် တွင် အများပြည်သူ့ ဘုံအကျိုးစီးပွား ရရှိရေး အတွက် ညှိနှိုင်းဆောင်ရွက် ပေးသည့် အဖွဲ့အစည်း ၏ လုပ်ငန်းတာဝန် များကို အပြည့်အဝ အသုံးချ သွားရမည် ဖြစ်ကြောင်း ၊ တရုတ် လူမျိုးတစ်ရပ်လုံး ပြန်လည်နိုးကြားတိုးတက်ရေး အတွက် စွမ်းအားများကို စုစည်းပေးသွားရမည် ဖြစ်ကြောင်း ၊ ပြည်တွင်း တည်ဆောက်ရေး လုပ်ငန်းများကို လက်တွေ့ကျကျ တိုးမြှင့် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း အကြံပြုချက် ၅ ချက် ကို တင်ပြ ခဲ့သည်။(Xinhua)