22
Mon, Jul
550 New Articles

တရုတ်-အမေရိကန် ဆက်ဆံရေးတွင် ပူးပေါင်းဆောင်ရွက်မှုသည်သာလျှင် မှန်ကန်သော နည်းလမ်းဖြစ်ကြောင်း NPC ပြောရေးဆိုခွင့်ရှိသူ ပြောကြား

၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) ပထမအကြိမ် အစည်းအဝေးပွဲ ၏ ပြောရေးဆိုခွင့်ရှိသူ ကျန်းရဲဆွေ့ အား သတင်းစာရှင်းလင်းပွဲတစ်ခု ၌ မတ်လ ၄ရက်တွင်တွေ့ရစဉ် (ဆင်ဟွာ) NPC

ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့သည် မတူကွဲပြားမှုများထက် အပြန်အလှန် အကျိုးရလဒ်များကို ပိုမို မျှဝေပြီး ပူးပေါင်းဆောင်ရွက်ခြင်းသည်သာလျှင် နှစ်နိုင်ငံစလုံးအတွက် တစ်ခုတည်းသော မှန်ကန်သည့် နည်းလမ်းဖြစ်ကြောင်း ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) ပထမအကြိမ် အစည်းအဝေးပွဲ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက မတ် ၄ရက်တွင်ပြောကြားခဲ့သည်။

တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှုသည် နှစ်နိုင်ငံပြည်သူများအတွက် အခြေခံကျသော အကျိုးစီးပွား ဖြစ်ထွန်းမှု ကို ဖြစ်ပေါ်စေပြီး နိုင်ငံတကာအသိုင်းအဝိုင်းမှ လည်း ယင်းသို့ဖြစ်ပေါ်လာစေရန် များစွာ မျှော်လင့်ထားကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဟောင်း နှင့် ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) ပထမအကြိမ် အစည်းအဝေးပွဲ၏ ပြောရေးဆိုခွင့်ရှိသူ ကျန်းရဲဆွေ့က သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင်ပြောကြားခဲ့သည်။ (Xinhua)