တရုတ်နိုင်ငံက ၂၀၁၈ ခုနှစ်အတွင်း သွင်းကုန်ကဏ္ဍ တိုးချဲ့မည်

တရုတ်နိုင်ငံရှိ စက်ရုံလုပ်ငန်းခွင် တစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ) NPC

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း နိုင်ငံ၏ ဈေးကွက် ပိုမိုပွင့်လင်းစေရန် ရည်ရွယ်ကာ သွင်းကုန်ကဏ္ဍအား တက်ကြွစွာ တိုးချဲ့သွားမည် ဖြစ်ကြောင်း မတ်လ ၅ ရက်က နှစ်ပတ်လည် အစည်းအဝေးသို့ တင်သွင်းသည့် အစိုးရ အစီရင်ခံစာ၌ ဖော်ပြထားသည်။

သွင်းကုန်ကဏ္ဍအား တွန်းအားပေးသည့်အနေဖြင့် တရုတ်နိုင်ငံက နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲကြီးအား ယခုနှစ်အတွင်း ကျင်းပရန်ရှိပြီး မော်တော်ကားနှင့် နေ့စဉ်သုံး ကုန်ပစ္စည်းများ အပါအဝင် သွင်းကုန်အပေါ် ကောက်ခံသည့် အခွန်များ လျှော့ချမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။

“ကျွန်တော်တို့ စက်မှုလုပ်ငန်း အဆင့်မြှင့်ခြင်းဖြင့် ပိုမိုပွင့်လင်းတဲ့ ဈေးကွက်ဖော်ဆောင်ပြီး ကုန်သွယ်ရေး မျှတစွာ တိုးတက်စေရန်၊ တရုတ် စားသုံးသူများအတွက် ကျယ်ကျယ်ပြန့်ပြန့် ရွေးချယ်နိုင်စေရန် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” အစီရင်ခံစာ၌ ဖော်ပြထားသည်။ (Xinhua)