18
Wed, Sep
512 New Articles

တရုတ်နိုင်ငံဝန်ကြီးချုပ် က ပြုပြင်ပြောင်းလဲရေး၊ ပွင့်လင်းမြင်သာမှု နှင့် ပြည်သူများ၏ အသက်မွေးမှုအတွက် အလေးထားပြောကြား

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် အား စကားဝိုင်းဆွေးနွေးပွဲတစ်ခု၌ မတ် ၆ရက်ကတွေ့ရစဉ် (ဆင်ဟွာ) NPC

ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က ပြုပြင်ပြောင်းလဲမှု နှင့် ပွင့်လင်းမြင်သာမှု အဆင့်မြှင့်တင်ရန်၊ ဆန်းသစ်တီထွင်မှုများ တိုးမြှင့်ရန်၊ စီးပွားရေးတိုးတက်လာမှုအား ထိန်းသိမ်းရန်၊ ပြည်သူများ၏ အသက်မွေးမှု ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ချိတ်ဆက်အားထုတ်ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အစည်းအဝေးတွင် မတ် ၆ရက်ကပြောကြားခဲ့သည်။

၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အစည်းအဝေးသို့ တက်ရောက်လာသော နိုင်ငံတောင်ပိုင်း Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ကိုယ်စားလှယ်များ နှင့်တွေ့ဆုံစဉ် လီက တရုတ်ဝိသေသလက္ခဏာများဖြင့် ခေတ်သစ် ဆိုရှယ်လစ်ဝါဒ အပေါ် သမ္မတ ရှီကျင့်ဖိန်၏ အတွေးအမြင်များဆိုင်ရာ လမ်းညွှန်ချက် ကို လိုက်နာကြရန် ပြောကြာခဲ့ခြင်းဖြစ်သည်။

မတ်လ ၆ ရက်တွင် ပြုလုပ်သော နိုင်ငံရေးအကြံပေးပုဂ္ဂိုလ်များ နှင့် NPC ကိုယ်စားလှယ်များ၏ စကားဝိုင်းဆွေးနွေးပွဲသို့ ဝမ်းယန်၊ ဝမ်ဟုနင်း နှင့် ဟန့်ကျိန်း အပါအဝင် တရုတ်ခေါင်းဆောင်များ နှင့် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီမှ အဖွဲ့ဝင်အားလုံးတက်ရောက်ခဲ့ကြကြောင်း သိရသည်။ သတင်းအပြည့်အစုံဖတ်ရန် link- http://www.xinhuanet.com/english/2018-03/06/c_137020513_5.htm