17
Sat, Nov
684 New Articles

တရုတ်နိုင်ငံသမ္မတအဖြစ် ရွေးကောက်ခံရသော ရှီကျင့်ဖိန် က အခြေခံဥပဒေနှင့် အညီ ကျမ်းသစ္စာ ကျိန်ဆို

တရုတ်နိုင်ငံသမ္မတအဖြစ် ရွေးကောက်ခံရသော ရှီကျင့်ဖိန် သည် မတ် ၁၇ရက်တွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီး ၌ အခြေခံဥပဒေနှင့် အညီ ကျမ်းသစ္စာ ကျိန်ဆိုစဉ် (ဆင်ဟွာ) NPC

ပေကျင်း၊ မတ် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတအဖြစ် အသစ်ရွေးကောက်တင်မြှောက်ခံရသော သမ္မတ ရှီကျင့်ဖိန် သည် မတ် ၁၇ရက်တွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီး၌ အခြေခံဥပဒေနှင့် အညီ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရသည်။

သမ္မတအဖြစ်တာဝန်ထမ်းဆောင်ရန် ယခုကဲ့သို့ ကျမ်းသစ္စာကျိန်ဆိုမှုသည် တရုတ်သမ္မတတစ်ဦးအနေဖြင့် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

ရှီအား လက်ရှိကျင်းပဆဲဖြစ်သော ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် ပထမအကြိမ်အစည်းအဝေးပွဲ ၌ မတ် ၁၇ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ သမ္မတ နှင့် တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ အဖြစ်ရွေးကောက်တင်မြှောက်ခဲ့ကြောင်း သိရသည်။ (Xinhua)