15
Sun, Sep
495 New Articles

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုင်ငံတကာအမျိုးသမီးများနေ့တွင် အမျိုးသမီးများအား နှုတ်ခွန်းဆက်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ) NPC

ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုင်ငံတကာ အမျိုးသမီးများနေ့တွင် လက်ရှိကျင်းပနေသော အစည်းအဝေး နှစ်ခုသို့ တက်ရောက်နေကြသည့် အမျိုးသမီး ဥပဒေပြုအမတ်များ၊ နိုင်ငံရေး အကြံပေးများ၊ အစိုးရဝန်ထမ်းများအပြင် လူမျိုးစုအားလုံးနှင့် အလွှာအသီးသီးမှ အမျိုးသမီးများအားလုံးထံ မတ်လ ၈ ရက်က နှုတ်ခွန်းဆက်ခြင်းနှင့် ဆုမွန်ကောင်းများ ပေးပို့လိုက်ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်း ဖြစ်သူ ရှီက ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ဒုတိယအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်လာသည့် တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ်တွင်လည်း နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့သည်။ (Xinhua)