18
Tue, Jun
569 New Articles

ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ဧပြီလအတွင်း ဥရောပသို့ ခရီးသွားရန်ရှိကြောင်းနှင့် တရုတ်-ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ရန် ရှိကြောင်း မတ်လ ၁၅ ရက်တွင် ပြောကြားလိုက်သည်။

ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က ကိုရီးယားကျွန်းဆွယ်အရေးကိစ္စအား နောက်ဆုံး၌ အပြီးသတ်ဖြေရှင်းနိုင်ရန် အထူးသဖြင့် မြောက်ကိုရီးယားနိုင်ငံ နှင့် အမေရိကန်နိုင်ငံ အကြား ဆွေးနွေးမှုစကားဝိုင်းများကို ဆက်လက်လုပ်ဆောင်သွားရန် မတ် ၁၅ ရက် က တိုက်တွန်းပြောကြားခဲ့သည်။လီက တရုတ်နိုင်ငံသည် နျူကလီးယားကင်းစင်သော ကိုရီးယားကျွန်းဆွယ် ဖြစ်လာစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ ဥပဒေပြုလွှတ်တော် နှစ်ပတ်လည်အစည်းအဝေး ပိတ်ပွဲအခမ်းအနားအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့သည်။ (Xinhua)

ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက စီးပွားရေးဖိအား အကျဘက်ဦးတည်နေမှုအား အရေးပါသည့် တန်ပြန်အစီအမံအဖြစ် ယခုနှစ်တွင် အခွန်၊ အခများကို ပိုမိုများပြားသည့် ပမာဏလျှော့ချရေး အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်ကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က မတ်လ ၁၅ ရက်တွင် ပြောကြားလိုက်သည်။

ပေကျင်း၊ မတ် (၁၅) ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဥပဒေပြုလွှတ်တော် ဖြစ်သော ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ ဒုတိယနှစ်ပတ်လည်အစည်းအဝေး ပိတ်ပွဲအခမ်းအနားအား မတ်လ ၁၅ ရက်တွင်ကျင်းပခဲ့ကြောင်း သိရသည်။

 

ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ)

တရုတ် အမျိုးသားဥပဒေပြုလွှတ်တော်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအား မတ်လ ၁၅ ရက်တွင် ပြုလုပ်သော နှစ်ပတ်လည်အစည်းအဝေးပိတ်ပွဲ၌ အတည်ပြုလိုက်ကြောင်း သိရသည်။

ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဥပဒေပြုလွှတ်တော် ဖြစ်သော ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ ဒုတိယနှစ်ပတ်လည်အစည်းအဝေး တတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးအား မတ်လ ၁၂ ရက် နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ပေကျင်း၊ မတ် ၉ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) အား ပို၍ ကျယ်ပြန့်သော ပြခန်းဧရိယာနှင့် ပြုလုပ်မည် ဖြစ်ပြီး နိုင်ငံများနှင့် စီးပွားရေးအဖွဲ့အစည်းများ ပိုမိုတက်ရောက်ကြမည် ဖြစ်ကြောင်း စီးပွားရေးဝန်ကြီး ကျုံးဆန်းက မတ်လ ၉ ရက်တွင် ပြောကြားလိုက်သည်။

ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုင်ငံတကာ အမျိုးသမီးများနေ့တွင် လက်ရှိကျင်းပနေသော အစည်းအဝေး နှစ်ခုသို့ တက်ရောက်နေကြသည့် အမျိုးသမီး ဥပဒေပြုအမတ်များ၊ နိုင်ငံရေး အကြံပေးများ၊ အစိုးရဝန်ထမ်းများအပြင် လူမျိုးစုအားလုံးနှင့် အလွှာအသီးသီးမှ အမျိုးသမီးများအားလုံးထံ မတ်လ ၈ ရက်က နှုတ်ခွန်းဆက်ခြင်းနှင့် ဆုမွန်ကောင်းများ ပေးပို့လိုက်ကြောင်း သိရသည်။

ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ဧပြီလနှောင်းပိုင်း၌ ပြုလုပ်မည့် ဒုတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ်ဖွင့်ပွဲသို့ သမ္မတ ရှီကျင့်ဖိန် တက်ရောက်ကာ မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ်လ ၈ ရက်တွင် ပြောကြားလိုက်သည်။

ပေကျင်း၊ မတ် ၇ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ၊ သမ္မတ ရှီကျင့်ဖိန်သည် ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ဒုတိယအကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး၌ ကန်းစုပြည်နယ်မှ ကိုယ်စားလှယ်များအား မတ်လ ၇ ရက် နေ့လယ်ပိုင်းတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။ (Xinhua)