27
Mon, May
576 New Articles

ပေကျင်း၊ မတ် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုနောက်သို့ လိုက်လျှောက်ကာ အင်အားချဲ့ထွင်မှုအား ဘယ်သောအခါမှ လုပ်ဆောင်မည် မဟုတ်ကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က မတ်လ ၂၀ ရက်တွင် ပြောကြားလိုက်သည်။

ပေကျင်း၊ မတ် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့် ဟူချွန်ဟွာ (Hu Chunhua) အား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့် လျူဟဲ (Liu He) အား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ်များအဖြစ် ဟန်ကျန့် (Han Zheng) ၊ စွန်ချွန်လန်း (Sun Chulan) ၊ ဟူချွန်ဟွာ (Hu Chunhua) နှင့် လျူဟဲ (Liu He) တို့အား ဒုတိယဝန်ကြီးချုပ်များအဖြစ် လက်ရှိကျင်းပနေဆဲ ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ပထမအကြိမ်အစည်းအဝေးအတွင်း မတ်လ ၁၉ ရက်တွင် ခန့်အပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

ပေကျင်း ၊ မတ် ၁၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်(Li Keqiang) က ယနေ့ (မတ်လ ၁၉ ရက်) နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် အမျိုးသားဥပဒေပြုရေး နှစ်ပတ်လည်အစည်းအဝေး ၏ မျက်နှာစုံညီအစည်းအဝေး၌ ဝေ့ဖုန့် ဟော် (Wei Fenghe) ၊ ဝမ်းယန် (Wang Yong) ၊ ဝမ်ရိ (Wang Yi) ရှောင်ကျယ် (Xiao Jie) နှင့် ကျောက်ခဲ့ကျစ်(Zhao Kezhi) တို့ ငါး ဦးအား နိုင်ငံတော်ကောင်စီဝင်များအဖြစ် အမည်စာရင်းတင်သွင်းခဲ့ရာ ၄င်းတို့ အား နိုင်ငံတော်ကောင်စီဝင် (state councilors) များအဖြစ် ခန့် အပ်လိုက်ကြောင်း သိရသည်။(Xinhua) 

ပေကျင်း၊ မတ် ၁၇ ရက် (ဆင်ဟွာ)

၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) ၏ နှစ်ပတ်လည်အစည်းအဝေး ၌ မတ် ၁၇ ရက် တွင်  ဝမ်ရှီစန်းအား တရုတ်နိုင်ငံ၏ ဒုတိယ သမ္မတ အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြောင်း သိရသည်။

ပေကျင်း၊ မတ် ၁၇ ရက် (ဆင်ဟွာ)

၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) ၏ နှစ်ပတ်လည်အစည်းအဝေး ၌ မတ် ၁၇ ရက် နံနက်ပိုင်းတွင် လီကျန်ဆူးအား NPC အမြဲတမ်းကော်မတီ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြောင်း သိရသည်။

ပေကျင်း၊ မတ် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတအဖြစ် အသစ်ရွေးကောက်တင်မြှောက်ခံရသော သမ္မတ ရှီကျင့်ဖိန် သည် မတ် ၁၇ရက်တွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီး၌ အခြေခံဥပဒေနှင့် အညီ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရသည်။

ပေကျင်း၊ မတ် ၁၇ ရက် (ဆင်ဟွာ)

၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် အစည်းအဝေးပွဲ ၌ မတ် ၁၇ရက် နံနက်ပိုင်းတွင် ရှီကျင့်ဖိန်အား တရုတ်နိုင်ငံ သမ္မတ နှင့် တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ အဖြစ်ရွေးကောက်တင်မြောက်လိုက်ကြောင်း သိရသည်။ (Xinhua)

ပေကျင်း၊ မတ် ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက မတ်လ ၁၃ ရက်က ဖွင့်ဟပြသလိုက်သည့် အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းခြင်း အစီအမံသည် ပြည်သူများ၏ လိုအပ်ချက်များနှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ပိုမိုထိရောက်သော အုပ်ချုပ်မှုနှင့်အတူ ချော့မွေ့သော အုပ်ချုပ်ပုံနည်းစနစ်ဖြင့် ဆုံတွေ့နိုင်မည့် အရေးကြီးသော တော်လှန်ရေး အရွေ့ (Move) တစ်ခု ဖြစ်ကြောင်း နိုင်ငံတကာ လေ့လာသူများက ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြသည်။

ပေကျင်း၊ မတ် ၁၄ ရက် (ဆင်ဟွာ)

၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် ၏ ပထမအကြိမ်အစည်းအဝေး ၌ မတ် ၁၁ရက်က အတည်ပြုခဲ့သော ပြင်ဆင်ချက်များအရ ပြောင်းလဲပြင်ဆင်ထားသည့် တရုတ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်အား ပြည်သူ့ ပုံနှိပ်တိုက်မှ ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း သိရသည်။