21
Tue, Aug
700 New Articles

တရုတ်နှင့် အမေရိကန်နိုင်ငံတို့အကြား ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားပါက မည်သည့်နိုင်ငံကမျှ အနိုင်ရမည်မဟုတ်ဟုလီခဲ့ချန်ပြောကြား

ပေကျင်း၊ မတ် ၂ဝ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အကြား ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားပါက မည်သည့်နိုင်ငံကမျှ အနိုင်ရမည်မဟုတ်ဟု မိမိတို့အနေဖြင့်ယုံကြည်ပါကြောင်း၊  မိမိတို့တရုတ်နိုင်ငံအနေဖြင့် လည်း ကုန်သွယ်ရေးစစ်ပွဲမဖြစ်ပွားလိုပါကြောင်း၊ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံနှစ်နိုင်ငံကြား မျှတစွာကူးသန်းရောင်းဝယ်သည့် ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများအဖြစ်မြင်တွေ့လိုပါကြောင်း စသဖြင့်ဝန်ကြီးချုပ်လီခဲ့ချန်က မတ်လ ၂ဝ ရက်တွင် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အပြီး ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။(Xinhua)