19
Sun, Aug
737 New Articles

ဒုတိယမြောက် ရွှေရောင်ထွန်းပသည့် ဆယ်စုနှစ်ပန်းတိုင်ကိုရောက်ရှိရန် BRICSအဖွဲ့ဝင်နိုင်ငံများ အားလုံးပိုမို အားထုတ်သင့်ကြောင်းရှီကဆို

ဂျိုဟန်နက်စ်ဘာ့ဂ်၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ)

သမ္မတရှီကျင့်ဖိန်က BRICS အဖွဲ့ဝင်နိုင်ငံများအားလုံးသည် လက်ရှိ ဖြစ်ပေါ်နေသည့် ရေစီးကြောင်းအား ဖမ်းဆုပ်ရမည်ဖြစ်ကြောင်း၊ ဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကိုလည်းပိုမိုနက်ရှိုင်းစေရမည်ဖြစ်ကြောင်း၊ စီးပွားရေး၊ နိုင်ငံရေး၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန်စေလွှတ် ဖလှယ်ရေး စသည့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် မူဘောင်များကို ချမှတ်ကာ ပိုမိုခိုင်မြဲစေရန်လည်းလိုအပ်ကြောင်း ၁ဝ ကြိမ်မြောက် BRICS အစည်းအဝေးတွင်ပြောကြားခဲ့သည်။ ထို့မှသာ မိမိတို့အနေဖြင့် ဒုတိယမြောက် ရွှေရောင်ထွန်းပသည့် ဆယ်စုနှစ်ပန်းတိုင်ကိုရောက်ရှိနိုင်မည်ဖြစ်ပြီး လူသားများအားလုံး အတူတကွ အကျိုးခံစားနိုင်မည့် အသိုက်အဝန်းတစ်ခုကို တည်ဆောက်နိုင်လိမ့်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။(Xinhua)