15
Fri, Dec
618 New Articles

အပြည်ပြည်ဆိုင်ရာ အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့ချုပ် က အီရတ် နှင့် ဆီးရီးယား နိုင်ငံ တို့တွင် IS အကြမ်းဖက် သမား ၂၀၀၀ ကျော်သာ ကျန်ရှိတော့ကြောင်း ထုတ်ပြန်

အမေရိကန် နိုင်ငံ ဦးဆောင် သည့် အပြည်ပြည်ဆိုင်ရာ အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့ချုပ် တပ်ဖွဲ့ များအား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်) Africa & Middle East

ဘဂ္ဂဒက် ၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဦးဆောင် သည့် အပြည်ပြည်ဆိုင်ရာ အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့ချုပ် က လက်ရှိချိန်တွင် အီရတ် နှင့် ဆီးရီးယား နိုင်ငံ တို့၌ IS အစွန်းရောက် လက်နက်ကိုင် တပ်ဖွဲ့ ၏ တပ်ဖွဲ့ဝင် ၂၀၀၀ ကျော် သာ ကျန်ရှိတော့ကြောင်း ဒီဇင်ဘာ ၅ ရက်နေ့ က ထုတ်ပြန်ကြေညာ ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ Ryon Dillon က လက်ရှိချိန်တွင် အကြမ်းဖက် သမား ၂၀၀၀ ကျော်သာ ကျန်ရှိတော့သော်လည်း ခြိမ်းခြောက်မှု မှာ ဆက်လက် တည်ရှိနေကြောင်း ၊ မိမိ တို့အနေဖြင့် ဆက်လက်၍  မိတ်ဖက်ပူးပေါင်းဆောင်ရွက်သူများကို ထောက်ပံ့ကူညီသွားပြီး ၄င်းတို့အား ချေမှုန်း သွားမည် ဖြစ်ကြောင်း ၊ အပြည်ပြည်ဆိုင်ရာ အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့ချုပ် အနေဖြင့် လက်ရှိချိန်တွင် အီရတ် နိုင်ငံ ၌ လုံခြုံရေး တပ်ဖွဲ့ဝင်ပေါင်း ၁၂၅,၀၀၀ ကို လေ့ကျင့် ပေးခဲ့ပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ 

၂၀၁၆ ခုနှစ် ဇွန်လ ပိုင်းတွင် IS အစွန်းရောက် လက်နက်ကိုင် တပ်ဖွဲ့သည် အီရတ် နှင့် ဆီးရီးယား နယ်စပ် တစ်လျှောက်တွင် နယ်မြေများ တိုးချဲ့ သိမ်းပိုက် ခဲ့ပြီး Caliphate နိုင်ငံတော် တည်ထောင် မည် ဖြစ်ကြောင်း ကြွေးကျော် ခဲ့သည်။ သို့သော် ၃ နှစ်တာ အကြမ်းဖက် နှိမ်နင်းရေး တိုက်ပွဲ ကာလ ပြီးနောက်တွင် IS အစွန်းရောက် အဖွဲ့ အနေဖြင့် ၄င်းတို့ သိမ်းပိုက်ထားသည့် နယ်မြေ အများစု ကို ဆုံးရှုံးသွား ခဲ့ရပြီး အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့ အနေဖြင့် လည်း လက်ကျန် IS တပ်ဖွဲ့ဝင်များကို ချေမှုန်းသည့် စစ်ဆင်ရေးများ ဆောင်ရွက်နေကြောင်း သိရှိခဲ့ရသည်။(Xinhua)