လစ်ဗျားနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့များက တရားမဝင်ဖမ်းဆီးထားရသောလူ ထောင်ပေါင်းများစွာရှိ

လစ်ဗျားနိုင်ငံရှိ ဒုက္ခသည်စခန်းတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ ) Africa & Middle East

တူနီးရှား ၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)

လစ်ဗျားနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့အစည်းများက တရားမဝင်ဖမ်းဆီးထားသောသူ ထောင်ပေါင်းများစွာရှိ သည်ဟု ကုလသမဂ္ဂအဖွဲ့၏ ဧပြီလ ၁၀ ရက်တွင် ထုတ်ပြန်သော အစီအရင်ခံစာ၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ လစ်ဗျား ကူညီထောက်ပံ့ရေး အထူး စေလွှတ်အဖွဲ့နှင့်ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာ မင်းကြီးရုံး (OHCHR)တို့ ပူးတွဲထုတ်ပြန်သော ထိုအစီရင်ခံစာတွင် လစ်ဗျားနိုင်ငံ၌ လက်နက်ကိုင်အဖွဲ့အစည်း များက တရားမဝင် ဖမ်းဆီးထားသောလူထောင်ပေါင်းများစွာရှိရာ ၎င်းတို့တွင် အမျိုးသမီးများနှင့်ကလေးငယ် များပါဝင်ကြောင်း၊ အဖမ်းဆီးခံထားရသူတို့မှာ လူအခွင့်အရေးကို ချိုးဖောက်သည့် ညှင်းပန်းနှိပ်စက်မှုများကို ခံနေရကြောင်း ရေးသားဖော်ပြထားသည်။

ထိုအဖမ်းခံရသူများမှာ အစုအဖွဲ့ကြောင့်သော်လည်းကောင်း၊ မိသားစုကြောင့်သော်လည်းကောင်း ၊နိုင်ငံရေး တိမ်းညွှတ်မှုများကြောင့်သော်လည်းကောင်း ယခုကဲ့သို့ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ဆုံးရှုံးကာ တရားမဝင်ဖမ်းဆီးခံ ရခြင်းဖြစ်သည်ဟု သိရသည်။

၂၀၁၁ ခုနှစ် ကဒါဖီအဖြုတ်ချခံရပြီးနောက် လစ်ဗျား၏နိုင်ငံရေးအခြေအနေယိမ်းယိုင်ကာ မငြိမ်မသက်ဖြစ်လာရ ခြင်းဖြစ်သည်။ ယခုအခါ အရှေ့-အနောက် နိုင်ငံရေးအဖွဲ့အစည်းကြီးနှစ်ဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှုများ ရှိနေသည်။ အင်အားကြီးမားသောဗဟိုအစိုးရမရှိခြင်းကြောင့် လစ်ဗျားနိုင်ငံအတွင်း လက်နက်ကိုင်အဖွဲ့များ အများအပြားရှိ လာရခြင်း ဖြစ်သည်။ (Xinhua)