အီရတ်နိုင်ငံတွင် လက်နက်ကိုင်များ၏တိုက်ခိုက်မှုကြောင့် လူ ၁၆ ဦးသေဆုံး

ဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သော အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့၏မြင်ကွင်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ ) Africa & Middle East

ဘဂ္ဂဒက် ၊ မေလ ၂ ရက်(ဆင်ဟွာ)

အီရတ်နိုင်ငံ Saladinပြည်နယ်ရှိ ကျေးရွာလေးတစ်ရွာတွင် မေလ ၁ ရက်က လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုကြောင့် လူ ၁၆ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ရာ သေဆုံးဒဏ်ရာရသူအများစုမှာ အမျိုးသမီးနှင့်ကလေးငယ်များဖြစ်ကြောင်း အီရတ် လုံခြုံရေးရဲတပ်ဖွဲ့၏ပြောကြားချက်များအရ သိရှိရသည်။

အမည်မသိလက်နက်ကိုင်အဖွဲ့က Saladinပြည်နယ် Dujailမြို့အနီး ကျေးရွာလေးတစ်ရွာရှိ တရားသူကြီးဟောင်း၏နေအိမ် ၃ အိမ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လူ ၁၆ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရသေဆုံးသူများမှာ ၎င်း၏ ဆွေမျိုးများဖြစ်ပြီး အများစုမှာ အမျိုးသမီး နှင့် ကလေးသူငယ်များဖြစ်ကြောင်း ၊ အီရတ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒဏ်ရာရသူများကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် လက်နက်ကိုင်တိုက်ခိုက်သူများကို လိုက်လံ ရှာဖွေလျက်ရှိကြောင်း Saladinပြည်နယ် ရဲဘက်ဆိုင်ရာ အရာရှိ Mohammed al-Jubouri က ပြောကြားခဲ့သည်။

ယခုတိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းကမှ ပြုလုပ်သည်ဟု ဝန်ခံပြောဆိုထားခြင်း မရှိသေးကြောင်း သိရှိရသည်။ (Xinhua)