11
Wed, Dec
485 New Articles

ပါကစ္စတန်နိုင်ငံ တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၃ဦးသေ၊ ၁၃ဦး ဒဏ်ရာရရှိ

ပါကစ္စတန်နိုင်ငံ တွင် မေလ ၃ရက် က အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ဘတ်စ်ကားတစ်စီးအားတွေ့ရစဉ် (ဆင်ဟွာ) Africa & Middle East

အစ္စလာမ်မာဘတ်၊ မေ ၄ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် တွင် မေလ ၃ရက် က အသေခံဗုံးခွဲသမားတစ်ဦးသည် ဘတ်စ်ကားတစ်စီး အနီး၌ အသေခံဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့ရာ အနည်းဆုံး လူ ၃ဦးသေဆုံးပြီး အခြားလူ ၁၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်း Urdu TV channels က ဖော်ပြခဲ့သည်။

သတင်းဖော်ပြချက်အရ ပြည်နယ် အတွင်းရှိ Attockမြို့ Dhok Gama ဧရိယာ အနီး Basal လမ်းမပေါ်တွင် Pakistan Atomic Energy Commision (PAEC) မှ အလုပ်သမားများ တင်ဆောင်လာသော ဘတ်စ်ကားတစ်စီး ကို ပစ်မှတ်ထား၍ အသေခံဗုံးခွဲသမားက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံ တွင် မေလ ၃ရက် က အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ဘတ်စ်ကားတစ်စီးအားတွေ့ရစဉ် (ဆင်ဟွာ)

ရဲအရာရှိများက တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူ ၃ဦးအနက် ၂ဦးမှာ PAEC မှ ဝန်ထမ်းတစ်ဦး နှင့် လမ်းသွားလမ်းလာတစ်ဦးဖြစ်ပြီး ဒဏ်ရာရရှိသူအားလုံးသည် PAEC ဝန်ထမ်းများဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

အသေခံဗုံးခွဲသမား သည် ဘတ်စ်ကားအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဘတ်စ်ကားဒရိုင်ဘာ နှင့် လမ်းသွားလမ်းလာ တစ်ဦး တို့က ၎င်းအား ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သော်လည်း သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး အခင်းဖြစ်ပွားရာ၌ပင် သေဆုံးသွားခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် ဘတ်စ်ကားမှာ လုံးဝပျက်စီးသွားကြောင်း ခရိုင်အရေးပေါ်ဆိုင်ရာ အရာရှိ Ashfaq ကပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ အလျင်အမြန်ရောက်ရှိလာပြီး ဒဏ်ရာရရှိသူများအား နီးစပ်ရာ ဆေးရုံသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအား မည်သည့်အဖွဲ့ကလုပ်ဆောင်ခြင်းဖြစ်သည်ကို သိရှိခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)