22
Sat, Sep
684 New Articles

နိုင်ဂျီးရီးယားနိုင်ငံအလယ်ပိုင်းရှိ ကျေးရွာ ၁၁ ရွာ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ အနည်းဆုံး ၈၆ ဦး ရှိ

ဘိုကိုဟာရမ်(Boko Haram)တို့ဝင်ရောက်စီးနင်းခဲ့သည့် Yobeပြည်နယ်ရှိ စာသင်ကျောင်းအား တွေ့ရစဉ် (ဆင်ဟွာ) Africa & Middle East

အာဘူဂျာ ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံအလယ်ပိုင်း Plateauပြည်နယ်ရှိ ကျေးရွာ ၁၁ ရွာကို ဇွန် ၂၃ရက်က အမည်မသိ လက်နက်ကိုင်များက ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် သေဆုံးသူ အနည်းဆုံး ၈၆ ဦး၊ ဒဏ်ရာ အပြင်းအထန်ရသူ ၆ ဦးရှိကြောင်း နိုင်ဂျီးရီးယားရဲတပ်ဖွဲ့က ဇွန် ၂၄ တွင် အတည်ပြုပြောကြားခဲ့သည်။ 

Plateauပြည်နယ်ရှိ Razat၊ Ruku၊ Kura အပါအ၀င် ကျေးရွာ ၁၁ ရွာကို ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ သေဆုံး ဒဏ်ရာရမှုများအပြင် နေအိမ်နှင့်မော်တော်ယာဉ်အချို့ပျက်စီးခဲ့ကြောင်း ၊ ယင်းတိုက်ခိုက်မှုနှင့်စပ်လျဉ်း၍  စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း Plateauပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Tyopev က ဆိုသည်။ 

Plateauပြည်နယ်အုပ်ချုပ်ရေးမှူးSimon Lalongက ကျေးရွာဒေသလုံခြုံရေးများတိုးမြင့်ချထားရန် ဒေသခံ လုံခြုံရေးဌာနများကို ညွှန်ကြားထားကြောင်း ၊ ထို့အပြင် လက်ရှိ တိုက်ခိုက် ခံရသော နေရာများတွင် ပြည်နယ်စိုးရက ညမထွက်အမိန့်ထုတ်ထားကြောင်း သိရသည်။ 

Plateauပြည်နယ်သည် နိုင်ဂျီးရီးယားနိုင်ငံရှိ မတူကွဲပြားသည့် ဘာသာရေးနှင့် လူမျိုးစုများ ရောနှော နေထိုင်ရာနေရာတစ်ခုဖြစ်သောကြောင့် ပဋိပက္ခများမကြာခဏဖြစ်ပွားလေ့ရှိသည်။ ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်း မှစ၍ ဘိုကိုဟာရမ်(Boko Haram)အစွန်းရောက်အဖွဲ့အစည်းက ၄င်းဒေသကို မကြာခဏ ၀င်ရောက် တိုက်ခိုက်မှုများပြုလုပ်သောကြောင့် လုံခြုံရေးအခြေအနေ ဆိုးဝါးလျက်ရှိကြောင်း သိရ သည်။(Xinhua)