19
Mon, Nov
667 New Articles

တူနီးရှားတွင် မျက်နှာဖုံးစွပ် အမျိုးသားတစ်ဦး က သေနတ်ဖြင့် ချိန်၍ ဓါးပြတိုက်မှုဖြစ်ပွား

တူနီးရှားနိုင်ငံရှိ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်) Africa & Middle East

တူးနစ်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

တူနီးရှားနိုင်ငံ ဂရင်းတူးနစ် ဧရိယာရှိ ဘဏ်ခွဲတစ်ခုတွင် မျက်နှာဖုံးစွပ် အမျိုးသားတစ်ဦး က သေနတ်ဖြင့် ချိန်၍ ဓါးပြတိုက်ခဲ့ကြောင်း တူနီးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Sofien Zaag က ဇူလိုင် ၁၁ ရက်တွင်ပြောကြားခဲ့သည်။

အဆိုပါ အမျိုးသားသည် သေနတ်တစ်လက်အား ကိုင်ဆောင်ထားပြီး မနက် ၁၁း၃၀နာရီတွင် ဘဏ်ခွဲအတွင်းသို့ ဝင်ရောက်လာကာ ငွေတစ်ချို့ကို ဓါးပြတိုက်ယူသွားကြောင်း၊ ယင်းငွေပမာဏကို ထုတ်ဖော်ပြောကြားခြင်းမရှိကြောင်း နှင့် လုံခြုံရေးတပ်ဖွဲ့များ အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာသော်လည်း တရားခံသည် လွတ်မြောက်သွားကြောင်း Zaag ကပြောကြားခဲ့သည်။

၎င်းက လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တရားခံ စီးနင်းလာသော ကားနံပါတ်ကို မှတ်သားပြီး တရားခံအား စုံစမ်းရှာဖွေနေဆဲဖြစ်ကြောင်းပြောကြားခဲ့သည်။ (Xinhua)