10
Mon, Dec
666 New Articles

အစ္စရေး နိုင်ငံ စစ်ဘက်ဆိုင်ရာ က ပါလက်စတိုင်း Hamas အဖွဲ့အစည်း အား ဆက်လက်၍ ပြင်းထန်စွာ တိုက်ခိုက်သွားမည်

အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် Benjamin Netanyahu အား မြင်တွေ့ရစဉ်(ဆင်ဟွာ) Africa & Middle East

ဂျေရုဆလင် ၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် Benjamin Netanyahu က သြဂုတ်လ ၉ ရက် ညပိုင်း အချိန်တွင် ဝန်ကြီးများ အစည်းအဝေး တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့ပြီး အစ္စရေး နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန  အား ဆက်လက်၍ ပါလက်စတိုင်း Hamas အဖွဲ့အစည်း ကို ပြင်းထန်စွာ တိုက်ခိုက်ရန် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

အစ္စရေး နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ သြဂုတ်လ ၈ ရက် ညပိုင်း အချိန်တွင် အစ္စရေး နိုင်ငံ စစ်ဘက်ဆိုင်ရာ က ဂါဇာဒေသ တွင် Hamas အဖွဲ့အစည်း နှင့် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ပြီး ယင်း တိုက်ပွဲ မှာ သြဂုတ်လ ၉ ရက် ညပိုင်း အချိန်ထိ ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

သြဂုတ်လ ၈ ရက် ညပိုင်း အချိန် မှ စတင်၍ Hamas အဖွဲ့အစည်း က အစ္စရေး နိုင်ငံ တောင်ပိုင်း ဒေသ သို့ ဒုံးကျည် အစင်း ၂၀၀ ခန့် ဖြင့် တိုက်ခိုက်ခဲ့ပြီး ၄င်းတို့အနက် အစင်း ၃၀ ကို အစ္စရေး နိုင်ငံ စစ်ဘက်ဆိုင်ရာ ၏ ဒုံးကျည် ကာကွယ်ရေးစနစ် ဖြင့် တားဆီး နိုင်ခဲ့ကြောင်း ၊ ကျန်ဒုံးကျည် များသည် လူသူကင်းမဲ့သည့် ဒေသ များတွင် ကျရောက် ခဲ့ကြောင်း ၊ ယင်း တိုက်ခိုက်မှု နှင့် ပတ်သက် အစ္စရေး နိုင်ငံ တပ်ဖွဲ့ က ဂါဇာ ဒေသ အတွင်း ရှိ Hamas အဖွဲ့အစည်း ပစ်မှတ် ၁၅၀ ကျော် ကို ပြန်လည် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန် ခဲ့သည်။

ပါလက်စတိုင်း သမ္မတ အနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်း နှင့် အနီးကပ် ဆက်သွယ်မှုများ ပြုလုပ်နေကြောင်း ၊ အစ္စရေး နိုင်ငံ ၏ ဂါဇာ ဒေသ အတွင်း စစ်ရေး ဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက်ခြင်း အား တားဆီးရန် နိုင်ငံတကာ အား တိုက်တွန်းစေလိုကြောင်း ထုတ်ပြန်ချက် ကို ပါလက်စတိုင်း သမ္မတ ရုံး က သြဂုတ်လ ၉ ရက် ၌ ထုတ်ပြန် ကြေညာ ခဲ့ကြောင်း သိရှိရသည်။(Xinhua)