19
Mon, Nov
668 New Articles

ဆော်ဒီအာရေဗျ နိုင်ငံ တွင် ပထမ ဦးဆုံး သော နျူကလီးယား သုတေသန ဓာတ်ပေါင်းဖို စတင် တည်ဆောက်

ဆော်ဒီအာရေဗျ နိုင်ငံ အိမ်ရှေ့မင်းသား Mohammad Bin Salman Al Saud အား မြင်တွေ့ရစဉ်(ဆင်ဟွာ) Africa & Middle East

ရီယာ့ဒ် ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျ နိုင်ငံ ၏ ပထမ ဦးဆုံးသော နျူကလီးယား သုတေသန ဓာတ်ပေါင်းဖို စတင် တည်ဆောက်ခြင်း အခမ်းအနား အား နိုဝင်ဘာ ၅ ရက် တွင် မြို့တော် ရီယာ့ဒ် ၌ ကျင်းပ ပြုလုပ် ခဲ့ပြီး ဆော်ဒီအာရေဗျ နိုင်ငံ အိမ်ရှေ့မင်းသား Mohammad Bin Salman Al Saud က ဦးဆောင်၍ ဖွင့်လှစ်ပေး ခဲ့ကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်များအရ ဆော်ဒီအာရေဗျ နိုင်ငံ ၏ နျူကလီးယား သုတေသန ဓာတ်ပေါင်းဖို ဒီဇိုင်း သည် အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အဖွဲ့အစည်း ၏ လုံခြုံရေး သတ်မှတ်ချက်များ နှင့် ကိုက်ညီကြောင်း ၊ ဓာတ်ပေါင်းဖို အား Saud bin Abdulaziz Al Saud ဘုရင် သိပံ္ပ နှင့် နည်းပညာ စီးတီး မှ သိပ္ပံပညာရှင် များနှင့် နိုင်ငံတကာ မှ ပညာရှင်များ က ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၊ ဓာတ်ပေါင်းဖို အား လာမည့်နှစ် နှစ်ကုန်ပိုင်း အချိန်တွင် တည်ဆောက်မှု ပြီးစီရန် စီစဉ်ထားကြောင်း ၊ ဓာတ်ပေါင်းဖို တည်ဆောက်ခြင်းဖြင့် ဆော်ဒီအာရေဗျ နိုင်ငံ မှ တွန်းအားပေး ဆောင်ရွက်နေသည့် နျူကလီးယား စွမ်းအင် စက်မှုလုပ်ငန်းသုံး သုတေသန နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု အပိုင်း အတွက် အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း သိရှိရသည်။

ဆော်ဒီအာရေဗျ နိုင်ငံ က ၂၀၁၆ ခုနှစ် တွင် “၂၀၃၀ မျှော်မှန်းချက်” စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ် ကို ထုတ်ပြန်ခဲ့ပြီး ယင်းမျှော်မှန်းချက် အရ ရေနံ မဟုတ်သော အခြားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အမျိုးအစား စုံလင်သည့် စီးပွားရေး ဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။(Xinhua)