19
Mon, Nov
668 New Articles

အာဖဂန်နိုင်ငံ ဂါ့ဇ်နီမြို့တွင် တာလီဘန်များ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

အာဖဂန်နိုင်ငံ ဂါ့ဇ်နီမြို့ရှိ စစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ) Africa & Middle East

ဂါ့ဇ်နီ၊ အာဖဂန်နစ္စတန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံတွင် စစ်ဘေးပြဿနာများကြုံတွေ့နေရသော ဂါ့ဇ်နီပြည်နယ်၏ ငြိမ်းချမ်းသော Jaghori ခရိုင်အား နိုဝင်ဘာလ ၇ ရက်က တာလီဘန် စစ်သွေးကြွများ တိုက်ခိုက်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် Aref Nuri က ပြောကြားခဲ့သည်။

“တာလီဘန် စစ်သွေးကြွများက ငြိမ်းချမ်းတဲ့ Jaghori ခရိုင်ကိုရရှိဖို့ အဲဒီ ခရိုင်ရဲ့ Anguri နယ်မြေမှာရှိတဲ့ လုံခြုံရေးစစ်ဆေးရေးဂိတ်တွေကို တိုက်ခိုက်ခဲ့တယ်။ ရဲတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး အခြားလူ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်” ဟု Nuri က ဆင်ဟွာသို့ ပြောခဲ့သည်။ (Xinhua)