19
Mon, Nov
668 New Articles

အာဖဂန်အစိုးရတ ပ်ဖွဲ့က တာလီဘန် လက်နက်ကိုင် ၁၂ ဦးအား ပစ်ခတ်ရှင်းလင်း

အာဖဂန်နစ္စတန်နိုင်ငံ စစ်ဆေးရေးဂိတ်တစ်ခုရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ) Africa & Middle East

ကဘူးလ်၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ)

ယခုရက်ပိုင်းများတွင် အာဖဂန်အစိုးရတပ်ဖွဲ့သည် အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Baghlan ပြည်နယ်တွင် တာလီဘန်လက်နက်ကိုင် ရှင်းလင်းရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ရာ အနည်းဆုံး တာလီဘန် ၁၂ ဦးအား ပစ်ခတ်ရှင်းလင်းနိုင်ခဲ့သည်။ 

နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသည်မှာ ၅ ရက် ဆက်တိုက်ရှိပြီဖြစ်ကြောင်း  ၊  Baghlanပြည်နယ် Pul-e Khomri မြို့ အနီးတွင် တာလီဘန် လက်နက်ကိုင် ၁၂ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ တာလီဘန်များထိန်းချုပ်သည့် ကျေးရွာ အနည်းဆုံး ၅ ခုကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်း  ၊ ၄င်းဒေသရှိတာလီဘန်စခန်းများကို ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ကိုင် ၄ ဦး အား ဖမ်းဆီးခဲ့ကြောင်း ၊ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိ ကြောင်း Pajhwok အာဖဂန် သတင်းအေဂျင်စီက စစ်ဘက်ဆိုင်ရာ သတင်းများကို ကိုးကားဖော်ပြထားသည်။ 

သိရသည်။ ၄င်းဒေသရှိ လုံခြုံရေးအခြေအနေဆိုးဝါးနေမှုများကြောင့် အရပ်သားများမှာ အခြားဒေသများသို့ ရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း ၊  အစိုးရတပ်နှင့်တာလီဘန်လက်နက်ကိုင်များ အကြား အပြန်အလှန်ပစ်ခတ်မှုများကြောင့် အရပ်သားအနည်းဆုံး ၄ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

Baghlanပြည်နယ်တွင် လွန်ခဲ့သော လများက အာဖဂန်အစိုးရတပ်နှင့်တာလီဘန်လက်နက်ကိုင်များ အကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ယခုနှစ် သြဂုတ်လ ၁၄ ရက်တွင် တာလီဘန်လက်နက်ကိုင်များက Baghlanပြည်နယ်ရှိ အစိုးရစစ်စခန်းတစ်ခုအား တိုက်ခိုက်ခဲ့ရာ အစိုးရတပ်ဖွဲ့ဝင် အနည်းဆုံး ၄၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။  (Xinhua)