19
Fri, Apr
621 New Articles

အာဖဂန်နစ္စတန်တွင် ဖြစ်ပွားသည့် တိုက်ခိုက် နှစ်ခုကြောင့် လူပေါင်း ဒါဇင်နှင့်ချီ သေဆုံးဒဏ်ရာရ

အာဖဂန် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်(ဆင်ဟွာ) Africa & Middle East

ကဘူးလ်၊ ဇန်န၀ါရီ ၁၃ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ Kandaharပြည်နယ်နှင့် Herat ပြည်နယ်တွင် ဇန်န၀ါရီ ၁၂ ရက်က ပေါက်ကွဲမှုဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင်နှင့်အရပ်သား စုစုပေါင်း ၁၀ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ထို့အပြင် လက်နက်ကိုင် ၁၀ ဦးထက်မနည်း သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံမီဒီယာ များ၏ သတင်းများအရ သိရသည်။ 

တာလီဘန်လက်နက်ကိုင်များက ဇန်န၀ါရီ ၁၂ ရက် ညပိုင်းတွင် Kandaharပြည်နယ် စစ်ဆေးရေးဂိတ်တစ်ခုကို ၀င်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိသလို တာလီဘန်လက်နက်ကိုင် ၇ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ၄င်းပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူက မီဒီယာများကို ပြောကြားခဲ့ကြောင်း သိရသည်။ 

အချင်းဖြစ်ပွားသည့်နေ့ ညပိုင်းတွင်ပင်  Herat ပြည်နယ်ရဲတပ်ဖွဲ့ဌာနတစ်ခုကို လက်နက်ကိုင်တစ်စုက ၀င်ရောက်တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် ၂ ဦး ၊ အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး လူ ၄ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း ၄င်းပြည်နယ်ပြောရေးဆိုခွင့်ရှိသူ၏ပြောကြားချက်အရ သိရသည်။ အပြန်အလှန်ပစ်ခတ်မှု များတွင် လက်နက်ကိုင် ၁ ဦးသေဆုံခဲ့ကြောင်း သိရသည်။ 

Kandaharပြည်နယ်သည် အာဖဂန်တာလီဘန်အဖွဲ့၏ အဓိကအင်အားစုစည်းရာနေရာဖြစ်ပြီး တာလီဘန်များ လှုပ်ရှားမှုအများဆုံးနေရာဖြစ်သည်။ Herat ပြည်နယ်သည် ယခုကာလများအတွင်း တာလီဘန်များက အစိုးရကို ဦးတည်သည့်တိုက်ခိုက်မှုများ မကြာခဏပြုလုပ်သည့်နေရာဖြစ်ကြောင်း  သိရသည်။ (Xinhua)