အီရန်သမ္မတက အရှေ့ အလယ်ပိုင်းတွင် နျူကလီးယားကင်းစင်ရန် တောင်းဆို

အီရန်နိုင်ငံသမ္မတဟူဆန်ရိုဟန်နီ အားတွေ့ ရစဉ်(ဆင်ဟွာ) Africa & Middle East

တီဟီရန် ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံသမ္မတ ဟူဆန်ရိုဟန်နီ(Hassan Rouhani) က ဖေဖော်ဝါရီ ၆ ရက်တွင် အရှေ့ အလယ်ပိုင်းဒေသ၌ နျူကလီးယားလက်နက်ကင်းစင်ရေးကို တောင်းဆိုလိုက်ကြောင်း Press ရုပ်မြင်သံကြားက သတင်းဖော်ပြခဲ့သည်။

“ ကျွန်တော်တို့ ရဲ့ ကြွေးကြော်သံက အရှေ့ အလယ်ပိုင်းမှာ နျူကလီးယားလက်နက်များ နဲ့  လူအစုလိုက်အပြုံလိုက်သေစေနိုင်သော ဖျက်အားပြင်း လက်နက်များကင်းစင်ရေးပဲ။ အဲဒီရပ်တည်ချက်ကို ကိုင်စွဲလာတာ နှစ်ပေါင်း ၄ဝ ရှိပြီ” ဟု ရိုဟန်နီ၏ပြောကြားချက်ကို ကိုးကား၍ သတင်းက ဆိုသည်။

အီရန်နိုင်ငံသမ္မတက ဒေသတွင်းမှ နိုင်ငံခြားတပ်များဆုတ်ခွာသွားရန်လည်း တိုက်တွန်းမှုပြုလုပ်ခဲ့ပြီး ၄င်းတို့ ၏ကြားဝင်စွက်ဖက်မှုများ အဆုံးသတ်ရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

အီရန်နိုင်ငံ တီဟီရန်မြို့ တော်၌ ကျင်းပခဲ့သည့် အီရန်အစ္စလမ်မစ်တော်လှန်ရေး နှစ် ၄ဝ ပြည့် အခမ်းအနားသို့ တက်ရောက်လာသော နိုင်ငံခြားဧည့်သည်များ နှင့် သံအမတ်များနှင့်ပြုလုပ်သည့် အစည်းအဝေးတွင် ရိုဟန်နီက အထက်ပါအတိုင်းမှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။(Xinhua)