25
Sat, May
588 New Articles

မော်ရိုကို နိုင်ငံ၌ တရားမ၀င် ရွှေ့ ပြောင်းနေထိုင်သူ ကွန်ယက်များဖြင့် ဆက်စပ်နေဖွယ် သံသယ ရှိသူ ၇ ဦးအား ဖမ်းဆီး

မော်ရိုကို နိုင်ငံ နယ်စပ်ဂိတ် တစ်ခုတွင် ပြည်ဝင်ခွင့် လုပ်ငန်း ဆောင်ရွက်နေသည်ကို တွေ့ ရစဉ်(ဆင်ဟွာ) Africa & Middle East

ရာဘတ် ၊ မတ် ၁၂ ရက်(ဆင်ဟွာ)

မော်ရိုကို နိုင်ငံ မြို့ တော် Oujda ၌ မတ် ၁၁ ရက်တွင် မော်ရိုကို နိုင်ငံသား ၂ ဦး နှင့် ဆာဟာရ တိုက်ခွဲ ဒေသမှ အာဖရိကတိုက်သား ၅ ဦးအား တရားမ၀င် ရွှေ့ ပြောင်းနေထိုင်သူ ကွန်ယက်များဖြင့် ဆက်စပ်မှု ရှိသည်ဟု သံသယ ရှိမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း မော်ရိုကိုနိုင်ငံ ရဲတပ်ဖွဲ့ မှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Oujda မြို့ ၏ မတူညီသော ဧရိယာများတွင် လုံခြုံရေး အာဏာပိုင်များက တစ်ပြိုင်တည်း ပူးတွဲ စစ်ဆင်ရေး တစ်ခု ဆောင်ရွက်ခဲ့ပြီးနောက် ဖမ်းဆီး ရရှိခဲ့ခြင်း ဖြစ်ကြောင်း ကြေညာချက် အရ သိရသည်။

အဆိုပါ စစ်ဆင်ရေးတွင် ဆာဟာရ တိုက်ခွဲ ဒေသမှ တရားမ၀င် ရွှေ့ ပြောင်းနေထိုင်ရန် ကြိုးပမ်းမှုဖြင့် ၈၁ ဦး ဖမ်းဆီးမိခဲ့ပြီး ၄င်းတို့ တွင် အမျိုးသမီး ၂၆ ဦး နှင့် ကလေး ၇ ဦး ပါဝင်ကြောင်းလည်း သိရသည်။

ထို့ အပြင် ၄င်းတို့ အား သယ်ယူ ပို့ ဆောင်ပေးသည့် ယာဉ်လေးစီး ၊ တရားမ၀င် ရွှေ့ ပြောင်းနေထိုင်သူ ကွန်ယက်များ၏ ဓားစာခံ ဖြစ်သူများထံမှ ဓားများ ၊ မိုဘိုင်းဖုန်းများ နှင့် နိုင်ငံကူး လက်မှတ်များအား သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တရားမ၀င် ရွှေ့ ပြောင်းနေထိုင်သူ ကွန်ယက်များ၏ နိုင်ငံ အတွင်း ကျယ်ပြန့် မှုကို ဆက်လက် စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ပြီး မော်ရိုကို နိုင်ငံ ပြင်ပရှိ ၄င်းတို့ ၏ ဖြစ်နိုင်ဖွယ် ဆက်သွယ်မှုများကိုလည်း ဖော်ထုတ်ကာ ပူးပေါင်း ပါဝင်သူ အားလုံးကို ဖမ်းဆီး သွားမည်ဟု သိရသည်။(Xinhua)