17
Tue, Sep
502 New Articles

နေတိုးအနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် ပိုမိုအလေးထားဆောင်ရွက်သင့်ကြောင့် ချက်နိုင်ငံဝန်ကြီးချုပ် ပြောကြား

ချက်နိုင်ငံဝန်ကြီးချုပ်အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်) Africa & Middle East

ပရာ့ဂ်၊ မတ် ၁၃ ရက် (ဆင်ဟွာ)

နေတိုးတပ်ဖွဲ့အနေဖြင့် စိုးရိမ်ဖွယ်ရာဖြစ်လာသည့် အကြမ်းဖက်လုပ်ရပ်များအပေါ် အရေးကြီးသောခြိမ်းခြောက်မှုအဖြစ်မှတ်ယူ၍ ယခုထက်ပိုမိုပြီး အာရုံစိုက်သင့်ကြောင်းချက်နိုင်ငံဝန်ကြီးချုပ် အန်ဒရီဂ်ျဘာဘီစ် (Andrej Babis) က နေတိုးစစ်မဟာမိတ်အဖွဲ့ထဲသို့ ချက်နိုင်ငံ ဝင်ရောက်ခြင်း နှစ် ၂၀ ပြည့် အခမ်းအနားတွင်ပြောကြားခဲ့သည်။

 “နေတိုးမဟာမိတ်တပ်ဖွဲ့အနေနဲ့ အကြမ်းဖက်တိုက်ခိုက်ခြင်းတွေကို အခုထက်ပိုပြီး လုပ်ဆောင်သင့်တယ်လို့ ကျွန်တော့်အနေနဲ့ ပုဂ္ဂိုလ်ရေးအရ ဆန္ဒပြုပါတယ်’’ ဟု Babis ဟုပြောသည်။

 

ကျွန်ုပ်တို့ ၏ ဘဝလုံရေးကို ခြိမ်းခြောက်နေသော အကြမ်းဖက်အဖွဲ့များအား ဖြိုဖျက်ရေးတွင်  နေတိုး အနေဖြင့် ပိုမိုတက်ကြွစွာဆောင်ရွက်သင့်ကြောင်းဆိုသည်။

 

နေတိုးအနေဖြင့် IS အဖွဲ့ ကို တိုက်ခိုက်ခဲ့ရာတွင် ပိုမိုတက်ကြွမှုမရှိခဲ့ခြင်းက  မဟာဗျူဟာမြောက် အမှားကိုဆောင်ရွက်ခဲ့ကြောင်း ၎င်းကဆိုသည်။

 

 

ချက်နိုင်ငံ အနေဖြင့် ၂၀၂၄ ခုနှစ်တွင် စစ်အသုံးစရိတ်ကို နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန် ၏၂ ရာခိုင် နှုန်းအထိတိုးမြှင့်မည်ဖြစ် ကြောင်း၊ ၂၀၁၅ ခုနှစ် မှစ၍  တိုင်းပြည်၏ ကာကွယ်ရေးစရိတ်သည်  နှစ်စဉ်တိုးမြှင့်ကုန်ကျလျက်ရှိကြောင်း၊ ထိုအတိုင်းဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ကဆိုသည်။   (Xinhua)