အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်ရှိ နိုင်ငံတကာ ကူညီထောက်ပံ့ရေးဌာနတစ်ခု တိုက်ခိုက်ခံရမှု ဖြစ်ပွား

တိုက်ခိုက်ခံရမှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအားတွေ့ရစဉ်(ဆင်ဟွာ) Africa & Middle East

ကဘူးလ်၊ မေ ၉ ရက်(ဆင်ဟွာ)

တာလီဘန်လက်နက်ကိုင်များက မေ ၈ ရက်တွင် အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ နိုင်ငံတကာ ကူညီထောက်ပံ့ရေးဌာနအဆောက်အဦပြင်ပ၌ အသေခံကားဗုံးခွဲတိုက်ခိုက်ရာ တိုက်ခိုက်သူ ၁ ဦး သေဆုံးပြီး လူ ၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်အစိုးရ အရာရှိက အချင်းဖြစ်ပွားသည့်နေ့တွင် ပြောကြားခဲ့သည်။

မေ ၈ ရက် နံနက်ပိုင်းက ကဘူးလ်မြို့လယ်ခေါင်တွင် ဖြစ်ပွားသည့် ပေါက်ကွဲမှုတွင် ဒဏ်ရာရသူ ၉ ဦး ကို ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ထားပြီး ဖြစ်ကြောင်း အာဖဂန်ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Wahidullah Mayarက ၎င်း၏တွစ်တာလူမှုကွန်ရက်တွင် ဖော်ပြထားသည်။

ယခုတိုက်ခိုက်မှု၏ ပစ်မှတ်မှာ နိုင်ငံတကာ ကူညီထောက်ပံ့ရေး အဖွဲ့ဟုအမည်တပ်ထားသည့် အမေရိကန်ကူညီထောက်ပံ့ရေးဌာန တစ်ခုဖြစ်ကြောင်း အာဖဂန် ရုပ်မြင်သံကြားဌာန၏ ဖော်ပြချက်များအရသိရသည်။

တိုက်ခိုက်ခံရမှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအားတွေ့ရစဉ်(ဆင်ဟွာ)

တိုက်ခိုက်ခံရမှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအားတွေ့ရစဉ်(ဆင်ဟွာ)

တိုက်ခိုက်ခံရမှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအားတွေ့ရစဉ်(ဆင်ဟွာ)

တိုက်ခိုက်ခံရမှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအားတွေ့ရစဉ်(ဆင်ဟွာ)

ပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာအနီးတဝိုက်တွင် ဖောက်ခွဲရေးပစ္စည်းများတင်ဆောင်ထားသည့် အခြား မော်တော်ယာဉ်တစ်စီးကို တွေ့ရရာ အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖောက်ခွဲရေးပစ္စည်းများကို ဖယ်ရှားရန် လုပ်ဆောင်နေကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူ ၁၅၀ ကျော်ကို အချင်းဖြစ်နေရာအနီးတဝိုက်ရှိ ရုံးခန်းအဆောက်အဦများနှင့် လူနေတိုက်များမှ ဘေးလွတ်ရာနေရာသို့ ရှင်းလင်းပေးခဲ့ကြောင်း ၊ အာဖဂန်လုံခြုံရေးတပ်ဖွဲ့ကလည်း လက်နက်ကိုင်များပုန်းခိုနိုင်မည့် အဆောက်အဦများကို လိုက်လံရှာဖွေ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အာဖဂန် တာလီဘန်များက ယခုတိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ကြေညာထားသည်။

အာဖဂန်နစ္စတန် သမ္မတ Ashraf Ghani က မေ ၃ ရက် Loya jirga ပိတ်ပွဲအခမ်းအနားတွင် မေ ၆ ရက် ရာမာဒန်ဥပုသ်လ ပထမရက်တွင် အပစ်အခတ်ရပ်စဲရန်နှင့် ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွင်ပါဝင်ရန် တာလီဘန်များကို တိုက်တွန်းထားသည်။ သို့သော်လည်း တာလီဘန်ဘက်မှ အပစ်အခတ်ရပ်စဲရေးအဆိုကို ငြင်းဆိုထားပြီး တိုက်ခိုက်မှုများဆက်လက်ပြုလုပ်မည်ဟု ဆိုသည်။(Xinhua)