နျူကလီးယားသဘောတူစာချုပ်ပါ ကတိကဝတ်များ ဆက်လက် အကောင်အထည်ဖော်ရန် အီရန်အား ဥရောပ အင်အားကြီးနိုင်ငံများ တိုက်တွန်း

အီရန်နျူကလီးယားသဘောတူစာချုပ်နှင့် ဆက်စပ်သည့် ဆွေးနွေးပွဲတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) Africa & Middle East

ဘရပ်ဆဲလ်၊ မေ ၉ ရက် (ဆင်ဟွာ)

ဥရောပအင်အားကြီးနိုင်ငံများက အီရန်နိုင်ငံအား နျူကလီးယား သဘောတူစာချုပ်ပါ ကတိကဝတ်များအား ဆက်လက်အကောင်အထည်ဖော်ရန် အခိုင်အမာ တိုက်တွန်းလိုက်ကြောင်းနှင့် မည်သည့် ရာဇသံမျိုးကိုမဆို ပယ်ချလိုက်ကြောင်း မေလ ၉ ရက်တွင် ပြောကြားလိုက်သည်။

အီရန်နိုင်ငံက သဘောတူစာချုပ်ပါ ကတိအချို့အား ဆိုင်းငံ့မည်ဖြစ်ကြောင်း မေလ ၈ ရက်တွင် ကြေညာခဲ့သည်။

အမေရိကန်နိုင်ငံသည် လွန်ခဲ့သည့်တစ်နှစ်အကြာက ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်မှုများရှိနေသည့်ကြားမှ အီရန်နျူကလီးယား သဘောတူစာချုပ်မှ နုတ်ထွက်ခဲ့သည်။ (Xinhua)