18
Wed, Sep
512 New Articles

ကွန်ဂို(ကင်ရှာဆာ)နိုင်ငံ အနောက်ပိုင်းတွင် ရေယာဉ်နစ်မြုပ်မှုဖြစ်ပွား အနည်းဆုံး လူ ၃၀ သေဆုံး 

ကွန်ဂို(ကင်ရှာဆာ)နိုင်ငံတွင် ယခင်ဖြစ်ပွားခဲ့သော ရေယာဉ်နစ်မြုပ်မှုတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) Africa & Middle East

ကင်ရှာဆာ၊ မေ ၂၇ ရက်(ဆင်ဟွာ)

ကွန်ဂို(ကင်ရှာဆာ) နိုင်ငံ အနောက်ပိုင်းတွင် မေ ၂၅ ရက် ညပိုင်းက ရေယာဉ်နစ်မြုပ်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၃၀ သေဆုံးပြီး လူ ၂၀၀ကျော် ပျောက်ဆုံးလျက်ရှိကြောင်း ယင်းနိုင်ငံ စစ်ဘက်ဆိုင်ရာမှ မေ ၂၆ ရက်တွင် သတင်းထုတ်ပြန်ကြေညာခဲ့သည်။

ခရီးသည် ၄၀၀ ခန့် တင်ဆောင်လာသည့် အဆိုပါ ရေယာဉ်သည် မေ ၂၅ ရက် ညပိုင်းက  Mai-Ndombeရေကန်တွင် လေပြင်းမိပြီး နစ်မြုပ်သွားခြင်းဖြစ်ကြောင်း ကွန်ဂို(ကင်ရှာဆာ)စစ်ဘက်ဆိုင်ရာ ၏ ပြောဆိုချက်အရ သိရသည်။ အချင်းဖြစ်ပွားပြီးနောက် စစ်တပ်အနေဖြင့် ကူညီကယ်ဆယ်မှုများကို ပါဝင်ဆောင်ရွက်ခဲ့ရာ ၂၆ ရက် ညပိုင်းအထိဆိုလျှင်  သေဆုံးသူ ရုပ်အလောင်း ၃၀ ကို ဆယ်ယူရရှိခဲ့ ပြီး အသက်ရှင်ကျန်ရစ်သူ ခရီးသည် ၁၆၃ ဦးအား ကယ်ဆယ်ပြီးဖြစ်ကြောင်းနှင့် ကျန် လူ ၂၀၀ ကျော် မှာ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။ 

ရေယာဉ်ပေါ်တွင်တင်ဆောင်သည့် ခရီးသည် ဦးရေသည် ပုံမှန်ထက် နှစ်ဆ ဖြစ်နေကြောင်း၊  ထို့အပြင် ရေယာဉ် ပေါ်တွင် အသက်ကယ်ပစ္စည်းများ နည်းပါှးိခြင်းကြောင့် အချင်းဖြစ်ပွားရာတွင် လူအများအပြား သေဆုံးခဲ့ရခြင်းဖြစ် ကြောင်း စစ်ဆေးချက်များအရသိရသည်။ ကွန်ဂို (ကင်ရှာဆာ)တွင် မြစ်ချောင်းအင်းအိုင်များပေါများခြင်းကြောင့် ဒေသခံများသည် ရေယာဉ်များ အသုံးပြု၍ အဓိက သွားလာလေ့ရှိသည်။ ရေယာဉ်များ ယိုယွင်းနေခြင်း၊ ၀န်ပိုတင်ဆောင်ခြင်း များကြောင့် ရေယာဉ် နစ်မြုပ်မှုများလည်း မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)