15
Wed, Aug
718 New Articles

ကဘူးလ်၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ Ghazniပြည်နယ် Ghazniမြို့တွင် တာလီဘန်လက်နက်ကိုင်များနှင့် ရက်ဆက် တိုက်ပွဲများဖြစ်ပွားခဲ့ရာ တာလီဘန် ၁၉၄ ဦးအား ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း အာဖဂန်ကာကွယ်ရေး ၀န်ကြီးTariq Shah Bahramiက သြဂုတ် ၁၃ ရက်တွင် မီဒီယာများအား အတည်ပြုပြောကြားခဲ့သည်။ 

ထရီပိုလီ၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံ အရှေ့ပိုင်းအခြေစိုက် စစ်တပ် သည် သြဂုတ် ၁၃ရက်တွင် နိုင်ငံအရှေ့ပိုင်း၌ ချုံခိုတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ရာ စစ်သွေးကြွ ၁၄ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

ဒမက်စကက်စ်၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ)

Idlibပြည်နယ် အစိုးရဆန့်ကျင်ရေးလက်နက်ကိုင်များ ထိန်းချုပ်သည့် ဒေသတွင် သြဂုတ် ၁၂ ရက်က လက်နက်ဂိုဒေါင်တစ်ခု ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄၀ သေဆုံးခဲ့ကြောင်းသိရသည်။ လက်ရှိအချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားရသည့်အကြောင်းအရင်းကို မသိရသေးပါ။

အမ္မန်၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ)

ဂျော်ဒန်လုံခြုံရေးတပ်ဖွဲ့သည် သြဂုတ် ၁၁ ရက် ညနေပိုင်းက မြို့တော် အမ္မန် အနီးရှိ Al Saltမြို့တွင် အကြမ်းဖက်သမားများနှင့်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ လူ ၁ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။

ဂါဇာ ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

ဂါဇာ ဒေသ နယ်စပ် တွင် သြဂုတ်လ ၁၀ ရက် ၌ ပါလက်စတိုင်း လူမျိုး ထောင်နှင့်ချီ၍ ဆန္ဒပြမှု ပြုလုပ်ခဲ့ရာ အစ္စရေး နိုင်ငံ အစိုးရ တပ်ဖွဲ့ နှင့် ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပွား ခဲ့ပြီး အစ္စရေး နိုင်ငံ စစ်တပ် ၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း လူမျိုး ၂ ဦး သေဆုံးခဲ့သည့်အနက် တစ်ဦး မှာ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်သူ တစ်ဦး ဖြစ်ကြောင်း သိရှိရသည်။

ဂျေရုဆလင် ၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် Benjamin Netanyahu က သြဂုတ်လ ၉ ရက် ညပိုင်း အချိန်တွင် ဝန်ကြီးများ အစည်းအဝေး တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့ပြီး အစ္စရေး နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန  အား ဆက်လက်၍ ပါလက်စတိုင်း Hamas အဖွဲ့အစည်း ကို ပြင်းထန်စွာ တိုက်ခိုက်ရန် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

ကူဝိတ်စီးတီး ၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

ယီမင် နိုင်ငံ Saada ပြည်နယ် တွင် ကလေးငယ်များ လိုက်ပါလာခဲ့သည့် ခရီးသည်တင် ဘတ်ကား တစ်စင်း သည် သြဂုတ်လ ၉ ရက် က ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွန်ပေါင်း တပ်ဖွဲ့ ၏ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ကို ခံခဲ့ရသဖြင့် လူပေါင်း အနည်းဆုံး ၄၃ ဦး သေဆုံး ခဲ့ပြီး ၆၄ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။

ဂျေရုစ်စလင် ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

အစ္စရေး နိုင်ငံ စစ်ဘက်ဆိုင်ရာ က သြဂုတ်လ ၉ ရက် ညပိုင်း အချိန်တွင် အစ္စရေး နိုင်ငံ အား ဒုံးကျည် ဖြင့် တိုက်ခိုက်ခဲ့ခြင်း အား တုံ့ပြန် သည့် အနေဖြင့် ဂါဇာ ဒေသ အတွင်းရှိ ပါလက်စတိုင်း Hamas အဖွဲ့အစည်း ၏ တပ်စခန်း ၁၂ ခု အား ဗုံးကြဲတိုက်ခိုက်မှု ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

ကဘူးလ်၊ သြဂုတ် ၉ ရက်(ဆင်ဟွာ)

သြဂုတ် ၈ ရက်က အာဖဂန်နစ္စတန်မြောက်ပိုင်း Balkh ပြည်နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီး မောင်းနှင်နေစဉ် လမ်းဘေးဗုံးခွဲ တိုက်ခိုက်ခံရသောကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ အနည်းဆုံး ၆ ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းပြည်နယ်အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ 

ရီယာ့ဒ် ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Adel al-Jubeir က ဆော်ဒီအာရေဗျ နိုင်ငံ နှင့် ကနေဒါ နိုင်ငံ အကြား ဖြစ်ပွား နေသည့် နိုင်ငံခြားရေး ပြဿနာ က ညှိနှိုင်းဖြေရှင်း၍ မရဘဲ ဆော်ဒီအာရေဗျ နိုင်ငံ အနေဖြင့် တုံ့ပြန်ဆောင်ရွက်မှုများ တိုးချဲ့ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း သြဂုတ်လ ၈ ရက် ၌ ပြောကြား ခဲ့သည်။