22
Thu, Aug
523 New Articles

ဂတ်ဘရွန်း၊ ဇွန် ၅ ရက် (ဆင်ဟွာ)

ဘော့စ်ဝါနာနိုင်ငံရှိ ဂေဟစနစ်ခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုက နမီးဘီးယားနိုင်ငံ၊ ဇမ်ဘီးယားနိုင်ငံနှင့် ဇင်ဘာဘွေနိုင်ငံတို့ရှိ ၎င်းတို့၏ လုပ်ငန်းများတွင် တစ်ခါသုံးပလတ်စတစ်သုံးစွဲမှု ဖယ်ရှားပြီး ဧည့်သည်များအတွက် ပြန်လည် အသုံးပြုနိုင်မည့်ပုလင်းများ ထောက်ပံ့ပေးမည့်အစီအစဉ်အား ဇွန်လ ၃ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။

 ကိုင်ရို၊ ဇွန် ၅ ရက် (ဆင်ဟွာ)  

ဆူဒန်နိုင်ငံ ၏ မြို့တော် ခါတွန် သို့  ဇွန် ၃ ရက်နှင့် ၄ ရက်တွင် ပျံသန်းမည့် အီဂျစ် နိုင်ငံ၏ အမျိုးသားလေကြောင်းEgyptAir လေယာဉ်နှစ်စီး ခရီးစဉ် များကိုဖျက်သိမ်းခဲ့ကြောင်း အီဂျစ်လေကြောင်းလိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

ထရီပိုလီ၊ ဇွန် ၅ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းတွင် ဇွန်လ ၄ ရက်အစောပိုင်းက ကယ်ဆယ်ရေးတစ်ခုပြုလုပ်ခဲ့ရာ ရွှေ့ပြောင်းနေထိုင်သူ ၄၅ ဦးအား ကယ်ဆယ်ခဲ့ရကြောင်း လစ်ဗျားရေတပ်က ဇွန် ၄ ရက်က ကြေညာခဲ့သည်။

ဂျေရုစလမ် ၊ ဇွန် ၅ ရက်(ဆင်ဟွာ)

အစ္စရေး နိုင်ငံသို့  ယခုနှစ် ဇန်န၀ါရီလမှ မေလ အထိ တရုတ်နိုင်ငံသား ခရီးသွားများ ၀င်ရောက်လည်ပတ်မှု အရေအတွက်မှာ ယခင်နှစ် အလားတူ ကာလထက် ၅၁ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း ဗဟိုစာရင်းအင်းဗျုရိုမှ ဇွန် ၄ ရက်တွင် သိရသည်။

တီဟီရန် ၊ ဇွန် ၅ ရက် (ဆင်ဟွာ)

အီရန် နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် အလီ ခါမေနီ (Ali Khamenei) က ဇွန်လ ၄ ရက် ၌ တီဟီရန် မြို့ တွင် ကျင်းပ ပြုလုပ်သည့် အခမ်းအနား တစ်ခုတွင် ပြည်သူလူထု များအား အမေရိကန် နိုင်ငံ ဆောင်ရွက်နေသည့် ဖိအားပေးမှုများကို ဆက်လက်၍ ခုခံသွားကြရန် တိုက်တွန်းခဲ့သည်။

လာဂိုစ့် ၊ ဇွန် ၄ ရက်(ဆင်ဟွာ)

နိုင်ဂျီးရီးယား ၊ ချတ်ဒ် ၊ ကင်မရွန်း နှင့် နိုင်ဂျာ နိုင်ငံတို့ မှ တပ်ဖွဲ့ များ ပူးပေါင်း စစ်ဆင်ရေး ပြုလုပ်ခဲ့ပြီးနောက် အနည်းဆုံး အကြမ်းဖက် သမား  ၂၀ ဦး သေဆုံးခဲ့ကြောင်း နိုင်ဂျီးရီးယား စစ်ဘက် ပြောရေးဆိုခွင့် ရှိသူက ဇွန် ၃ ရက်တွင် အတည်ပြုခဲ့သည်။

တီဟီရန်၊ ဇွန် ၄ ရက်(ဆင်ဟွာ)

အီရန်နှင့် တောင်းဆိုချက်မရှိ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားလိုသည်ဟုဆိုသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို (Mike Pompeo) ၏ ပြောကြားချက်သည် တုန့်ပြန်သည့်အနေဖြင့် အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ရာ ၄င်းမှာ စကားလုံး အလှတန်ဆာဆင်ဂိမ်းကစားခြင်းသာဖြစ်ပြီး စိတ်ရင်းအမှန်လုံးဝမပါဟု  ဆိုသည်။ 

ဂါဇ်နီ ၊ အာဖဂန် ၊ ဇွန် ၂ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ ပိုင်း ဂါဇ်နီပြည်နယ်(Ghazni) ၌ ရဲစခန်းတစ်ခုအား ကားတစ်စင်းဖြင့် အသေခံဗုံးခွဲဝင်ရောက်တိုက်ခဲ့ရာ ရဲတပ်ဖွဲ့ ဝင် ၈ ဦးသေဆုံးပြီး အခြား  ၇ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဇွန် ၂ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

ကုလသမဂ္ဂ ၊ ဇွန် ၁ ရက်  (ဆင်ဟွာ) 

လစ်ဗျားနိုင်ငံ ၏ မြို့တော် ထရီပိုလီ တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွင် ပြီးခဲ့သည့် နှစ်လ အတွင်း နေအိမ်စွန့်ခွါ၍ ထွက်ပြေးသူ အယောက် ၉၀,၀၀၀ ကျော်ရှိကြောင်း ကုလသမဂ္ဂ က မေ ၃၁ ရက် တွင် ပြောကြားခဲ့သည်။ 

ဘဂ္ဂဒက်၊ မေ၃၁ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ မြောက်ပိုင်း ကာကွက်မြို့တွင် မေလ ၃၀ ရက်က ပေါက်ကွဲမှု ၆ ကြိမ်ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၄ ဦးသေဆုံးကာ အခြားလူ ၂၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောခဲ့သည်။