23
Fri, Aug
523 New Articles

ထရီပိုလီ၊ မေ ၃၁ ရက် (ဆင်ဟွာ)

အယ်လ်ကိုင်းဒါး တပ်ဖွဲ့ဝင်တစ်ဦး နှင့် အခြား အိုင်အက်စ် အကြမ်းဖက်တစ်ဦး တို့အား ဖမ်းဆီးခဲ့ကြောင်း လစ်ဗျားပြည်ထဲရေးဝန်ကြီးဌာန ကမေ ၃၀ ရက် တွင်ကြေညာခဲ့သည်။ 

ကဘူးလ်၊ မေ ၃၀ ရက် (ဆင်ဟွာ)

အာဖဂန်နိုင်ငံ တောင်ပိုင်း ဇဘူးလ်ပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ညတွင်းချင်း အထူးစစ်ဆင်ရေးတစ်ရပ် လုပ်ဆောင်ခဲ့ရာ တာလီဘန်အကျဉ်းထောင်တစ်ခုမှ အရပ်သား ၁၆ ဦးနှင့် စစ်သား ၁၂ ဦးအား လွှတ်ပေးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

မိုင်ဒန်ရှာ၊ အာဖဂန်နစ္စတန်၊ မေ ၂၉ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဝါဒတ်ပြည်နယ်တွင် သေဆုံးခဲ့သည့် စစ်သွေးကြွ ၁၂ ဦးအနက် တာလီဘန် အဓိကတပ်မှူးတစ်ဦးဖြစ်သော မူလာ ဆတ်ဒမ် (Mullah Sadam) ပါဝင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်စ်ရာတူလာ ရာဟီမီ (Nasratullah Rahimi) က ပြောကြားလိုက်သည်။

တီဟီရန် ၊ မေ ၂၉ ရက် (ဆင်ဟွာ)

တီဟီရန် မြို့တော်ဝန်ဟောင်း Mohammad Ali Najafi အား ၎င်း၏ ဇနီးဖြစ်သူ ကို သတ်မှုဖြင့် မေ ၂၈ ရက်တွင် ထိန်းသိမ်းထားကြောင်း တီဟီရန်ပြစ်မှုဆိုင်ရာတရားရုံး က အကြီးအကဲဖြစ်သူ Mohammad Shahryari က နိုင်ငံပိုင်သတင်းဌာန IRNA ကိုပြောသည်။ 

ဒိုဟာ၊ မေ ၂၉ ရက် (ဆင်ဟွာ)

ကာတာနိုင်ငံ စော်ဘွား Sheikh Tamim bin Hamad Al Thaniနှင့် အီရတ် ၀န်ကြီးချုပ် Adel Abdul Mahdiတို့သည် မေ ၂၉ရက်၌ တွေ့ဆုံမည်ဖြစ်ကြောင်း ကာတာနိုင်ငံပိုင် QNAသတင်းအေဂျင်စီတွင် ဖော်ပြထားသည်။

ဒိုဟာ ၊ မေ ၂၉ ရက်(ဆင်ဟွာ)

ကာတာ နိုင်ငံ ဒုတိယ ၀န်ကြီးချုပ် နှင့် နိုင်ငံခြားရေး ၀န်ကြီး Sheikh Mohamed bin Abdulrahman Al Thani သည် ကာတာ နိုင်ငံသို့ ရောက်ရှိလာသည့် အီရန် နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး  Abbas Araqchi နှင့် မေ ၂၈ ရက်တွင် တွေ့ ဆုံခဲ့ကြောင်း ကာတာ နိုင်ငံခြားရေး ၀န်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ကင်ရှာဆာ၊ မေ ၂၇ ရက်(ဆင်ဟွာ)

ကွန်ဂို(ကင်ရှာဆာ) နိုင်ငံ အနောက်ပိုင်းတွင် မေ ၂၅ ရက် ညပိုင်းက ရေယာဉ်နစ်မြုပ်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၃၀ သေဆုံးပြီး လူ ၂၀၀ကျော် ပျောက်ဆုံးလျက်ရှိကြောင်း ယင်းနိုင်ငံ စစ်ဘက်ဆိုင်ရာမှ မေ ၂၆ ရက်တွင် သတင်းထုတ်ပြန်ကြေညာခဲ့သည်။

ဘဂ္ဂဒက်၊ မေ ၂၆ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif သည် မေ ၂၅ ရက်က အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်သို့ ရောက်ရှိလာခဲ့ပြီး ၂ ရက်ကြာအီရတ် ခရီးစဉ်ကို စတင်ခဲ့ကြောင်းသိရသည်။  Mohammad Javad Zarif က  အီရတ် ခေါင်းဆောင်များနှင့် အမေရိကန်-အီရန်နှစ်နိုင်ငံအကြား တင်းမမှုဖြစ်ပွားနေသည့် အခြေအနေများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း အီရတ်မီဒီယာ သတင်းများအရ သိရသည်။ 

တီဟီရန် ၊ မေ ၂၆ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံတွင် ထိပ်တန်းလျှို့ ဝှက်လက်နက်သစ်နှစ်မျိုးရှိကြောင်း နှင့် ယင်းအားအသုံးပြု၍ အမေရိကန်စစ်သင်္ဘောများကို နှစ်မြှုပ်ပစ်မည်ဟု အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) တပ်မှူးချုပ်၏ အကြံပေးဖြစ်သူ တစ်ဦးက မေ ၂၅ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

ကန်ဒါဟာ၊ မေ ၂၄ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာပြည်နယ်တွင် ကားဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီးနောက် အရပ်သား ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း ပြည်နယ်ရဲချုပ်က မေလ ၂၄ ရက်တွင် ပြောကြားလိုက်သည်။