19
Mon, Aug
539 New Articles

ဟဲရတ်၊ အာဖဂန်နစ္စတန်၊ မေ ၁၇ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟဲရတ်ပြည်နယ် အိုဘီခရိုင်တွင် မေလ ၁၈ ရက်က ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး အရပ်သား ၄ ဦး သေဆုံးပြီး ခရိုင်အကြီးအကဲအပါအဝင် လူ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

ထရီပိုလီ၊ မေ ၁၇ ရက် (ဆင်ဟွာ)

တရားမဝင်ရွှေ့ပြောင်းသွားလာသူ ၆၁ ဦး ကို လစ်ဗျားနိုင်ငံ ၏ အနောက်ဘက်ကမ်းရိုးတန်း အလွန်တွင် ကယ်ဆယ်ခဲ့ရကြောင်း လစ်ဗျားနိုင်ငံ ကမ်းခြေစောင့်တပ်က မေလ ၁၆ ရက်တွင် ပြောသည်။ 

ဒူဘိုင်း၊ မေ ၁၇ ရက်(ဆင်ဟွာ)

ဒူဘိုင်းနိုင်ငံတကာလေဆိပ်အနီးတွင် မေ ၁၆ ရက်က လေယာဉ်ငယ်တစ်စီးမတော်တဆမှု ဖြစ်ပွားခဲ့ရာ လေယာဉ်တွင်လိုက်ပါလာသူ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း ယူအေအီး လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ယင်းနေ့တွင် ပြောကြားခဲ့သည်။ 

အန်ကာရာ၊ မေ ၁၇ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အရှေ့ပိုင်း ဗန်ပြည်နယ်တွင် မေလ ၁၆ ရက်က ထရပ်ကားတစ်စီးတိမ်းမှောက်ပြီးနောက် အနည်းဆုံး လူ ၅ ဦးသေဆုံးကာ အခြားသူ ၃၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် Anadolu အေဂျင်စီက သတင်းဖော်ပြခဲ့သည်။

တီဟီရန်၊ မေ ၁၆ ရက်(ဆင်ဟွာ)

ပြည်ပအန္တရာယ်ကို ရင်ဆိုင်ရန် အီရန်က လက်နက်အင်အားဘက်စုံပြင်ဆင်ထားပြီဖြစ်ကြောင်း အီရန်ကာကွယ်ရေးဝန်ကြီးAmir Hatami က မေ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ 

ဂါဇာ၊ မေ ၁၅ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသတွင် လူဦးရေ တစ်ဝက် နှင့် အထက်အတွက် ဇွန်လ တွင် အစာရေစာ မလုံလောက်မှုဖြစ်ဖွယ်ရှိကြောင်း၊ ပါလက်စတိုင်းဒုက္ခသည်များအတွက် ကုလသမဂ္ဂကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့ က မေလ ၁၃ ရက် တွင်ပြောသည်။ 

ကူဝိတ်စီးတီး၊ မေ ၁၄ ရက်(ဆင်ဟွာ)

ဟူသီလက်နက်ကိုင်များက ဆော်ဒီအာရေဗျရှိ ရေနံစခန်းတစ်ခုကို မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုအား ပြင်းထန်စွာ ပြစ်တင်ရှုံ့ချကြောင်း ယီမင် အစိုးရက မေ  ၁၄ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ 

တူနီးရှား ၊ မေ ၁၁ ရက် (ဆင်ဟွာ)

တရားမဝင် နိုင်ငံ ကူးပြောင်းသူ များ တင်ဆောင်လာသည့် စက်လှေ က မေလ ၁၀ ရက် ၌ တူနီးရှား နိုင်ငံ အရှေ့ဘက်ရှိ ပင်လယ်ပြင် တွင် တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူပေါင်း ၇၀ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။

ဘဂ္ဂဒက်၊ မေ ၁၀ ရက် (ဆင်ဟွာ) 

အီရတ်နိုင်ငံ ၏ မြို့တော် ဘဂ္ဂဒက်မြို့ ၏ အရှေ့ ပိုင်း Sadr City ရပ်ကွက် ရှိ ဈေးတွင် မေလ ၉ ရက် က အသေခံဗုံးခွဲတိုက်ခိုက်မှု တစ်ရပ်ဖြစ်ပွားခဲ့ရာ လူ၈ ဦးသေဆုံးခဲ့ပြီး လူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းအရင်းအမြစ်က ဆင်ဟွာကိုပြောသည်။ 

ရာဘတ် မေ ၉ ရက် (ဆင်ဟွာ)

မော်ရိုကိုနိုင်ငံမြောက်ပိုင်း  Kenitra မြို့ ရှိ မြေထဲပင်လယ်တွင် တရားမဝင်ရွှေ့ပြောင်း သွားလာသူ ၂၇ ဦးကယ်တင်နိုင်ခဲ့ကြောင်း မော်ရိုကိုတပ်မတော်က မေလ ၈ ရက်တွင် ပြောကြားသည်။