26
Fri, Apr
599 New Articles

ရာဘတ် ၊ ဧပြီ ၁၀ ရက်(ဆင်ဟွာ)

မော်ရိုကို နိုင်ငံ နှင့် စပိန် နိုင်ငံတို့ သည် ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု ပိုမို ခိုင်မာလာစေရန် နှင့် တိုးတက် ပြောင်းလဲလာရန် နည်းလမ်းများအား ဧပြီ ၉ ရက်တွင် မော်ရိုကို နိုင်ငံ မြို့ တော် ရာဘတ်၌ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဘူဂျာ ၊ ဧပြီ ၁ဝ ရက်(ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံရဲတပ်ဖွဲ့ က နိုင်ငံမြောက်ပိုင်း Kaduna ပြည်နယ်တွင် အမည်မသိသေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် လူပေါင်း ၂၁ ဦးသေဆုံးကြောင်း ဧပြီ ၉ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

ဂျနီဗာ၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

ယီမင်နိုင်ငံ မြို့တော် ဆာနားမြို့ တွင် ဧပြီ ၇ ရက်က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် ကလေးငယ် ၁၄ဦး သေဆုံးပြီး အခြားလူ ၁၆ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း၊ ၎င်းတို့အနက် အများစုမှာ ၉နှစ်အောက်ကလေးငယ်များ ဖြစ်ကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၉ ရက်တွင် ပြောကြားခဲ့သည်။

ဂျေရုဆလမ် ၊ ဧပြီ ၁ဝ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမန်နေတန်ယာဟု(Benjamin Netanyahu) ၏ အဓိကပြိုင်ဖက် ဘန်နီဂန့် Benny Gantz က ဧပြီ ၉ ရက် ညပိုင်းတွင် ပါလီမန်ရွေးကောက်ပွဲ အနိုင်ရကြောင်း ထုတ်ဖော်ကြေညာခဲ့ပြီး အစ္စရေးနိုင်ငံစည်းလုံးညီညွတ်အောင် ဆောင်ရွက်ခြင်း နှင့် အားလုံး၏ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။

အာမန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံတွင် အကျဉ်းကျနေသော ဂျော်ဒန်နိုင်ငံသား ၈ဦး  ကို ဆီးရီးယားဘက်မှ လွှတ်ပေးရန် ဆုံးဖြတ်ချက်ချပြီးကြောင်း ဂျော်ဒန်နိုင်ငံဘက်မှ ဧပြီလ ၈ ရက်နေ့တွင်ပြောခဲ့သည်။

ကူဝိတ်စီးတီး၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံတွင်းဖြစ်ပျက်ခဲ့သည့် အခြေအနေများနှင့် ပတ်သက်ပြီး ကူဝိတ်နိုင်ငံက စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး လစ်ဗျားနိုင်ငံတွင်းရှိ အဖွဲ့အစည်းများအားလုံးကို သွေးထွက်သံယိုဖြစ်စေမည့် ရန်လိုမှုများ ရပ်တန့်ပေးရန် တောင်းဆိုမှုလည်း ပြုလုပ်ခဲ့ကြောင်း ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးက ဧပြီ ၈ ရက်က ပြောကြားခဲ့သည်။

ထရီပိုလီ၊ ဧပြီ ၉ ရက်(ဆင်ဟွာ)

လစ်ဗျားနိုင်ငံအရှေ့ပိုင်း လက်နက်ကိုင်အင်အားစု အမျိုးသားတပ်မတော် လေတပ်က ဧပြီလ ၈ ရက် တွင် မြို့တော်ထရီပိုလီရှိ  M'etiga အပြည်ပြည်ဆိုင်ရာလေဆိပ်ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရာ လက်ရှိတွင် အဆိုပါလေဆိပ်ကို ပိတ်ထားရကြောင်း သိရသည်။ 

ထရီပိုလီ၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီတွင် ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုထားသော အစိုးရတပ်ဖွဲ့များနှင့် နိုင်ငံ အရှေ့ပိုင်းအခြေစိုက် စစ်တပ်အကြား ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် လူပေါင်း ၂,၈၀၀ ၎င်းတို့ အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ဧပြီလ ၈ ရက်တွင် ပြောကြားလိုက်သည်။

ဂျေရုဆလမ် ၊ ဧပြီ ၉ ရက်(ဆင်ဟွာ)

အစ္စရေးနိုင်ငံသည် လာမည့် ပါလီမန် နှင့် ဝန်ကြီးချုပ် ရာထူးအတွက် ယနေ့ ဧပြီ ၉ ရက်တွင် နိုင်ငံအနှံ့ အပြား၌ တစ်ရက်တာ အချိန်ကြာကြာမဲပေးရသည့် အထွေထွေရွေးကောက်ပွဲကို ကျင်းပလျက် ရှိကြောင်း သိရသည်။

လာဂို့စ်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အနောက်တောင်ပိုင်း အွန်ဒိုပြည်နယ် ရှိ စီးပွားရေးဘဏ်တစ်ခုတွင် ဘဏ်ဓါးပြတိုက်မှုတစ်ခုဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၇ဦးသေဆုံးခဲ့ကြောင်း မျက်မြင်သက်သေများ နှင့် ဒေသခံရဲတပ်ဖွဲ့များ က ဧပြီ ၈ ရက်တွင်ပြောကြားခဲ့သည်။