17
Mon, Jun
572 New Articles

ကိုင်ရို၊ မေ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ကဏ္ဍအမျိုးမျိုး မှ တက္ကသိုလ်များ နှင့် ပူးပေါင်းဆောင်ရွက်မှုကို အီဂျစ်နိုင်ငံ ကိုင်ရိုတက္ကသိုလ်  က မေလ ၂၀ ရက်တွင် ကြိုဆိုခဲ့ကြောင်းသိရသည်။ 

ထရီပိုလီ ၊ မေ ၂၁ ရက်(ဆင်ဟွာ)

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့ နှင့် အနီးတစ်ဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားမှု များကြောင့် သေဆုံးသူ ဦးရေမှာ စုစုပေါင်း ၅၁၀ ဦး ရှိခဲ့ပြီး ၂,၄၆၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO)က မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

ဟဲရတ်၊ အာဖဂန်နစ္စတန်၊ မေ ၁၇ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟဲရတ်ပြည်နယ် အိုဘီခရိုင်တွင် မေလ ၁၈ ရက်က ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး အရပ်သား ၄ ဦး သေဆုံးပြီး ခရိုင်အကြီးအကဲအပါအဝင် လူ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

ထရီပိုလီ၊ မေ ၁၇ ရက် (ဆင်ဟွာ)

တရားမဝင်ရွှေ့ပြောင်းသွားလာသူ ၆၁ ဦး ကို လစ်ဗျားနိုင်ငံ ၏ အနောက်ဘက်ကမ်းရိုးတန်း အလွန်တွင် ကယ်ဆယ်ခဲ့ရကြောင်း လစ်ဗျားနိုင်ငံ ကမ်းခြေစောင့်တပ်က မေလ ၁၆ ရက်တွင် ပြောသည်။ 

ဒူဘိုင်း၊ မေ ၁၇ ရက်(ဆင်ဟွာ)

ဒူဘိုင်းနိုင်ငံတကာလေဆိပ်အနီးတွင် မေ ၁၆ ရက်က လေယာဉ်ငယ်တစ်စီးမတော်တဆမှု ဖြစ်ပွားခဲ့ရာ လေယာဉ်တွင်လိုက်ပါလာသူ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း ယူအေအီး လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ယင်းနေ့တွင် ပြောကြားခဲ့သည်။ 

အန်ကာရာ၊ မေ ၁၇ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အရှေ့ပိုင်း ဗန်ပြည်နယ်တွင် မေလ ၁၆ ရက်က ထရပ်ကားတစ်စီးတိမ်းမှောက်ပြီးနောက် အနည်းဆုံး လူ ၅ ဦးသေဆုံးကာ အခြားသူ ၃၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် Anadolu အေဂျင်စီက သတင်းဖော်ပြခဲ့သည်။

တီဟီရန်၊ မေ ၁၆ ရက်(ဆင်ဟွာ)

ပြည်ပအန္တရာယ်ကို ရင်ဆိုင်ရန် အီရန်က လက်နက်အင်အားဘက်စုံပြင်ဆင်ထားပြီဖြစ်ကြောင်း အီရန်ကာကွယ်ရေးဝန်ကြီးAmir Hatami က မေ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ 

ဂါဇာ၊ မေ ၁၅ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသတွင် လူဦးရေ တစ်ဝက် နှင့် အထက်အတွက် ဇွန်လ တွင် အစာရေစာ မလုံလောက်မှုဖြစ်ဖွယ်ရှိကြောင်း၊ ပါလက်စတိုင်းဒုက္ခသည်များအတွက် ကုလသမဂ္ဂကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့ က မေလ ၁၃ ရက် တွင်ပြောသည်။ 

ကူဝိတ်စီးတီး၊ မေ ၁၄ ရက်(ဆင်ဟွာ)

ဟူသီလက်နက်ကိုင်များက ဆော်ဒီအာရေဗျရှိ ရေနံစခန်းတစ်ခုကို မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုအား ပြင်းထန်စွာ ပြစ်တင်ရှုံ့ချကြောင်း ယီမင် အစိုးရက မေ  ၁၄ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ 

တူနီးရှား ၊ မေ ၁၁ ရက် (ဆင်ဟွာ)

တရားမဝင် နိုင်ငံ ကူးပြောင်းသူ များ တင်ဆောင်လာသည့် စက်လှေ က မေလ ၁၀ ရက် ၌ တူနီးရှား နိုင်ငံ အရှေ့ဘက်ရှိ ပင်လယ်ပြင် တွင် တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူပေါင်း ၇၀ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။