17
Mon, Jun
572 New Articles

ဘာလင် ၊ မေ ၁ ရက် (ဆင်ဟွာ)

ဂျာမနီ နိုင်ငံ ဝန်ကြီးချုပ် အန်ဂျလာ မာကယ် (Angela Merkel) က ဧပြီလ ၃၀ ရက် ၌ ဝန်ကြီးချုပ် အိမ်တော်တွင် အီရတ်နိုင်ငံဝန်ကြီးချုပ်  အဒဲလ် အဗ္ဗဒူလ် မာဒီ (Adel Abdul Mahdi) နှင့် တွေ့ဆုံချိန် တွင် ဂျာမနီ နိုင်ငံ အနေဖြင့် အီရတ် နိုင်ငံ ၏ စစ်ပြီးနှောင်းပိုင်း ပြန်လည်ထူထောင်းရေး လုပ်ငန်းတွင် ကူညီထောက်ပံ့မှုများ ပိုမို ပေးအပ်သွားမည် ဖြစ်ပြီး အီရတ် နိုင်ငံ လုံခြုံရေး တပ်ဖွဲ့၏ လေ့ကျင့်ရေး လုပ်ငန်းတွင်လည်း ဆက်လက် ကူညီပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဘဂ္ဂဒက် ၊မေ၁ ရက်(ဆင်ဟွာ)

အိုင်အက်စ်(IS) အစွန်းရောက်အဖွဲ့ ၏ ထိပ်တန်းခေါင်းဆောင်သည် ၂ဝ၁၄ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ပေါ်ထွက်လာခဲ့ပြီး ၄င်းက ဆီးရီးယားနိုင်ငံ al-Baghouz မြို့ တွင် အိုင်အက်စ်တို့ အရေးနိုမ့်ခဲ့ခြင်းအပေါ် အသိအမှတ်ပြုခဲ့သလို သီရိလင်္ကာနိုင်ငံ၌ ဖြစ်ပွားခဲ့သော ဗုံးခွဲတိုက်ခိုက်မှုများအပေါ် ဂုဏ်ယူကြွေးကြော်ခဲ့သည်။

ထရီပိုလီ ဧပြီ ၃၀ ရက် (ဆင်ဟွာ) 

လစ်ဗျားနိုင်ငံ၏ အစိုးရပိုင် အမျိုးသားရေနံကော်ပိုရေးရှင်း (NOC) က တိုင်းပြည်တွင် အကြီးဆုံးရေနံလုပ်ကွက်ဖြစ်သော Sharara ရေနံလုပ်ကွက် တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဧပြီလ ၂၉ရက် တွင်ကြေညာချက်ထုတ်ပြန်ခဲ့သည်။သို့သော်ပြန်ချက်ထဲတွင် မည်သည့်အဖွဲ့များအကြားတိုက်ပွဲဖြစ်ပွားသည် ကို အသေးစိတ်ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။ 

ဒိုဟာ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

ကာတာနိုင်ငံ ဒိုဟာမြို့တွင် ဆောက်လုပ်ရေးနှင့် စက်မှုလုပ်ငန်းများ အဓိကပါဝင်ပြသမည့် (၁၆ )ကြိမ်မြောက် စီမံကိန်း ကာတာနိုင်ငံ ၂၀၁၉(Project Qatar 2019)ပြပွဲကို ဧပြီ ၂၉ ရက်၌ စတင်ဖွင့်လှစ်ကျင်းပခဲ့ပြီး ယင်းပြပွဲကို တိုင်းဒေသကြီးနှင့် နိုင်ငံပေါင်း ၃၄ နိုင်ငံမှ ကုမ္ပဏီပေါင်း ၅၀၀ကျော် ၀င်ရောက်ပြသခဲ့ကြောင်း သိရသည်။

တီဟီရန် ၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံက ၁၀ မဂ္ဂါဝပ် နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံအား ဖားစ်(Fars) ပြည်နယ် တောင်ပိုင်း Abadeh မြို့ ၌ စတင် လည်ပတ်ခဲ့ကြောင်း Eghtesadonline က ဧပြီ ၂၉ ရက်တွင် တင်ပြမှု အရ သိရသည်။

ဒူဘိုင်း၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ)

ဒူဘိုင်းကုန်စည်ပြပွဲ ၂၀၂၀ ပွဲကို နိုင်ငံပေါင်း ၁၂၀ တက်ရောက်ရန်ရှိကြောင်း၊ ထိုနိုင်ငံများမှ နိုင်ငံတကာပွဲအားပူးပေါင်းပါဝင်မည်ဟုကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါကုန်စည်ပြပွဲမှ ပြောရေးဆိုခွင့်ရှိသူက ဧပြီလ ၂၆ ရက် တွင် အတည်ပြုပြောကြားခဲ့ကြောင်း၊ state-run သတင်းဌာန WAM မှ ဖော်ပြခဲ့သည်။ 

ထရီပိုလီ ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ)

လစ်ဗျား နိုင်ငံ မြို့ တော် ထရီပိုလီကို ထိန်းချုပ်ရန် နှစ်ဘက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည့် အတွက် အစိုးရ နှင့် နိုင်ငံ အရှေ့ ပိုင်း အခြေစိုက် စစ်တပ် အကြား အပစ်အခတ် ရပ်စဲရေး တောင်းဆိုမှုအား ကုလသမဂ္ဂ ကျောထောက် နောက်ခံ ပြုထားသော လစ်ဗျား နိုင်ငံ အစိုးရ ၀န်ကြီးချုပ် Fayez Serraj က ငြင်းဆိုခဲ့ကြောင်း အစိုးရ ပြောရေး ဆိုခွင့် ရှိသူက ဧပြီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ကမ်ပါလာ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ)

ယူဂန်ဒါနိုင်ငံ အရှေ့ပိုင်းရှိ ဒေသနှစ်ခုတွင် လွန်ခဲ့သောရက်များက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားရာ လူ ၁၈ သေဆုံးခဲ့ကြောင်း ယူဂန်ဒါ ရဲဘက်ဆိုင်ရာက ဧပြီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ 

အန်ကာရာ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံက အီရန်ထံမှရေနံတင်သွင်းမှုပြုနေသောနိုင်ငံများအပေါ် ပိတ်ဆို့မှုကင်းလွတ်ခွင့်ပေး နေခြင်းများအားအဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ခြင်းအပေါ်တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗ်လုသ် ကာဗူဆို ဂလု (Mevlut Cavusoglu) ဧပြီလ ၂၂ ရက် ကဝေဖန်ပြောကြားခဲ့ပါသည်။

Aybak ၊ အာဖဂန်နစ္စတန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဆမ်မန်ဂန်ပြည်နယ်တွင် ဧပြီလ ၂၁ ရက်က ကျောက်မီးသွေးတွင်း ပြိုကျမှုကြောင့် အလုပ်သမား ၈ ဦးခန့် အသက်ရှူကြပ်ကာ သေဆုံးခဲ့ကြောင်း ဒေသခံတာဝန်ရှိသူက ဧပြီလ ၂၂ ရက်တွင် ပြောကြားလိုက်သည်။