25
Thu, Apr
605 New Articles

တီဟီရန် ၊ ဧပြီ  ၄ ရက်(ဆင်ဟွာ)

အီရန်အနောက်တောင်ပိုင်း Khuzestan ပြည်နယ်  Ahvaz မြို့တွင် လက်ဖက်ရည်ဆိုင်တစ်ဆိုင် မီးလောင်မှု ကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိကြောင်း အီရန်မီဒီယာများ၏ ဧပြီလ  ၃ ရက်တွင် ထုတ်ပြန်သည့် သတင်းများအရ သိရှိရသည်။

ကိုင်ရို ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

ဂါဇာဒေသတွင် ဆန္ဒပြနေသော ပါလက်စတိုင်းများကို အစ္စရေးစစ်သားများက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ ခြင်းကို ပြစ်တင်ရှုံ့ချကြောင်း ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းမှလည်း ပါလက်စတိုင်း၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ကြရန် တိုက်တွန်းနှိုးဆော်ကြောင်း အီဂျစ်နိုင်ငံခြားရေး ၀န်ကြီး Sameh Shoukryနှင့် ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး Ayman Safadi တို့သည် ဧပြီလ ၁ ရက်နေ့တွင် ကိုင်ရိုတွင်ကျင်းပသော ပူးတွဲသတင်းစာ ရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်။ 

နိုင်ရိုဘီ ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

ဆိုမာလီယာနိုင်ငံတောင်ပိုင်းရှိ အာဖရိကသမဂ္ဂစစ်အခြေစိုက်စခန်းတစ်ခုကို  အယ်လ်ရှာဘတ် (Al-Shabaab)  အစွန်းရောက်အဖွဲ့အစည်းက  ဧပြီလ ၁ရက်တွင် ၀င်ရောက် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး စစ်သား ၄ ဦး သေဆုံး ပြီး ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

ဒိုဟာ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

အိုမန်စစ်လေယာဉ်တစ်စီးသည် ဧပြီလ ၁ ရက်တွင် ပုံမှန်လေ့ကျင့်ရေးလုပ်ဆောင်နေစဉ် ပျက်ကျခဲ့ရာ လေယာဉ်မောင်းသေဆုံးခဲကြောင်း သိရှိရသည်။

ကူဝိတ်စီးတီး၊ ဧပြီ ၂ရက် (ဆင်ဟွာ)

ကူဝိတ်နိုင်ငံ တွင် ဧပြီ ၁ရက်နေ့က ယာဉ်တိုက်မှုတစ်ခုကြောင့် အနည်းဆုံး လူ ၁၅ဦးသေဆုံးပြီး အခြားလူ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကူဝိတ်နိုင်ငံ မီးသတ်ဦးစီးဌာန (KFSD) ကပြောကြားခဲ့သည်။

တီဟီရန် ၊ ဧပြီ  ၂ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံ အနောက်ပိုင်း Kermanshahပြည်နယ်တွင် ဧပြီ ၁ ရက်က ပြင်းအား ၅.၃ အဆင့် ငလျင်လှုပ်ခတ် ခဲ့ရာ အနည်းဆုံး လူ ၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီရန်မီဒီယာများ၏ သတင်းများအရ သိရှိရသည်။ 

ထရီပိုလီ ၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

၂ဝ၁၈ ခုနှစ် ၊ မတ်လအတွင်း လစ်ဗျားနိုင်ငံ၌ ပဋိပက္ခတိုက်ပွဲများကြောင့် အရပ်သား ၅ ဦးသေဆုံးပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကုလသမဂ္ဂမှ ကျောထောက်နောက်ခံပြုထားသည့် (UNSMIL) က ဧပြီ ၁ ရက်တွင်ပြောကြားခဲ့သည်။

ကိုင်ရို ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

အီဂျစ် နိုင်ငံ နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ မတ်လ ၃၁ ရက်နေ့ တွင် အီဂျစ် နိုင်ငံ အရှေ့ပိုင်း Suez ပြည်နယ် Ain Sokhna မြို့ ရှိ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တစ်ခု မီးလောင်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၃ ဦး သေဆုံး ခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။

ကဘူးလ် ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ အာဖဂန်နစ္စတန် နိုင်ငံ အစိုးရ တပ်ဖွဲ့ က မတ်လ ၃၁ ရက်နေ့ တွင် နိုင်ငံတောင်ပိုင်း Kandahar ပြည်နယ် တွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် အတွင်း တာလီဘန် လက်နက်ကိုင် တပ်ဖွဲ့ဝင် စုစုပေါင်း ၃၀ ဦး ကို ပစ်ခတ် ရှင်းလင်း ခဲ့ပြီး လက်နက်ကိုင် တပ်ဖွဲ့ဝင် ၁၀ ဦး ကို ဒဏ်ရာရရှိစေ နိုင်ခဲ့ကြောင်း သိရှိရသည်။

ခါတွန် ၊ မတ်လ ၂၉ ရက်(ဆင်ဟွာ)

ဆူဒန်ရှိ ပဋ္ဋိပက္ခဖြစ်ပွားနေသောနယ်မြေများအားလုံးတွင် ဆူဒန်အစိုးရစစ်တပ်က အပစ်ခတ်ရပ်စဲရေးကာလကို ၂၀၁၈ခုနှစ် ဇွန်လ  ၃၀ ရက်အထိ ၃လ ထပ်မံတိုးမြှင့်မည်ဖြစ်ကြောင်း ဆူဒန်သမ္မတ Omar al-Bashir က မတ်လ ၂၈ရက်နေ့တွင် အမိန့်ကြေညာစာ ထုတ်ပြန်ခဲ့သည်။