20
Sat, Jul
555 New Articles

အစ္စလာမ်မာဘတ်၊ မေ ၂၉ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ် တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၄ဦး အပါအဝင် အနည်းဆုံး လူ ၁၀ဦးသေဆုံးခဲ့ကြောင်း ပြည်တွင်း သတင်း၌ဖော်ပြခဲ့သည်။

ကဘူးလ်၊ မေ ၂၇ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Nangarhar ပြည်နယ်တွင် အိုင်အက်စ် စစ်သွေးကြွများ ပုန်းအောင်းနေရာများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ တပ်မှူး နှစ်ဦး အပါအဝင် အနည်းဆုံး စစ်သွေးကြွ ၁၉ ဦး သေဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးက မေလ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

မိုဂါဒစ်ရှူး၊ မေ ၂၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ စစ်တပ် က ၎င်း၏ အထူးတပ်ဖွဲ့ဝင်များသည် ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူးမြို့ အနောက်တောင်ဘက် တွင် လေကြောင်းတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ရာ အယ်ရှာဘတ် စစ်သွေးကြွ ၁၀ဦး သေဆုံးခဲ့ကြောင်း မေ ၂၄ ရက်တွင်ပြောကြားခဲ့သည်။

ဘရာဇဗီလီ ၊ မေ ၂၅ ရက် (ဆင်ဟွာ)

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ အနောက်မြောက်ပိုင်း ဒေသတွင် မေလ ၂၃ ရက်နေ့ ညပိုင်း အချိန် ၌ လှေ တစ်စင်း တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၄၉ ဦး သေဆုံး ခဲ့ကြောင်း ကွန်ဂို နိုင်ငံ အစိုးရ အရာရှိ တစ်ဦး က အတည်ပြုပြောကြား ခဲ့သည်။

ကိတ်တောင်း၊ မေ ၂၄ ရက် (ဆင်ဟွာ)

တောင်အာဖရိကနိုင်ငံ သမ္မတ ဆိုင်ရယ် ရာမာဖိုဆာ (Cyril Ramaphosa) က ၎င်း၏ သမ္မတလစာတစ်ဝက်အား မကြာမီ တည်ထောင်မည့် ပရဟိတရန်ပုံငွေတစ်ခုသို့ လှူဒါန်းသွားရန် ဆုံးဖြတ်လိုက်ကြောင်း မေ ၂၃ ရက်တွင်ပြောကြားခဲ့သည်။

ဂျိုဟန်နက်စ်ဘာ့ထ်၊ မေ ၂၄ ရက် (ဆင်ဟွာ)

တောင်အာဖရိကနိုင်ငံ ရဲတပ်ဖွဲ့ က ဂျိုဟန်နက်စ်ဘာ့ထ်မြို့ တွင် ဖြစ်ပွားခဲ့သည့် အငှားယာဉ်ပဋိပက္ခအတွင်း အငှားယာဉ် ယာဉ်မောင်း ၄ဦး ပစ်သတ်ခံရပြီးနောက် လုံခြုံရေးအစောင့် ၈ဦး ကို ဖမ်းဆီးခဲ့ကာ လက်နက်များအား သိမ်းဆည်းခဲ့ကြောင်း မေ ၂၃ ရက် က ပြောကြားခဲ့သည်။

ဒူဘိုင်း၊ မေ ၂၄ ရက် (ဆင်ဟွာ)

ဆော်ဒီဦးဆောင်သော အာရပ်မဟာမိတ်တပ်ဖွဲ့များ၏ အစိတ်တစ်ပိုင်းဖြစ်သော အာရပ်စော်ဘွားများပြည်ထောင်စု (UAE) စစ်တပ် သည် ပင်လယ်နီ ရှိ နိုင်ငံတကာရေပိုင်နက် တွင် အီရန်နိုင်ငံက ကျောထောက်နောက်ခံပေးထားသော ဟူသီသူပုန်များ၏ လှေ ၂စင်းကို မေ ၂၃ ရက်က ဖျက်စီးခဲ့ကြောင်း သိရသည်။

တီဟီရန် ၊ မေ ၂၃ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံ အနောက်ပိုင်းပြည်နယ်အချို့ ၌ မကြာသေးမီ ရက်သတ္တပတ်များက အလေ့ကျပေါက်သော မှိုများကို စားသုံးမိရာမှ လူပေါင်း ၁ဝဝဝ ကျော် အော့အန်ကာ အနည်းဆုံး ၁၅ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာက ရေးသားဖော်ပြသည်။

အာဖဂန်နစ္စတန်၊ မေ ၂၃ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Kunduz ပြည်နယ် Imam Sahib ခရိုင်ရှိ တာလီဘန်တို့၏ ပုန်းခိုရာစခန်းတစ်ခုကို မေ ၂၃ရက်က လေကြောင်းတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ရာ တာလီဘန် အဓိက တပ်မှူးတစ်ဦး ဖြစ်သူ Mullah Karim Mukhlis အပါအဝင် စစ်သွေးကြွ ၆ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ Sunatullah Timuri ကပြောကြားခဲ့သည်။

ကဘူးလ် ၊ မေ ၂၃ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ တောင်ပိုင်း Kandahar ပြည်နယ် Kandahar မြို့ တွင် မေလ ၂၂ ရက်နေ့ ၌ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၁၆ ဦး သေဆုံး ခဲ့ပြီး ၃၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ် အစိုးရ အရာရှိ ၏ ပြောကြားချက်အရ သိရှိရသည်။