24
Mon, Jun
553 New Articles

ဒူဘိုင်း၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ)

ဒူဘိုင်းကုန်စည်ပြပွဲ ၂၀၂၀ ပွဲကို နိုင်ငံပေါင်း ၁၂၀ တက်ရောက်ရန်ရှိကြောင်း၊ ထိုနိုင်ငံများမှ နိုင်ငံတကာပွဲအားပူးပေါင်းပါဝင်မည်ဟုကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါကုန်စည်ပြပွဲမှ ပြောရေးဆိုခွင့်ရှိသူက ဧပြီလ ၂၆ ရက် တွင် အတည်ပြုပြောကြားခဲ့ကြောင်း၊ state-run သတင်းဌာန WAM မှ ဖော်ပြခဲ့သည်။ 

ထရီပိုလီ ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ)

လစ်ဗျား နိုင်ငံ မြို့ တော် ထရီပိုလီကို ထိန်းချုပ်ရန် နှစ်ဘက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည့် အတွက် အစိုးရ နှင့် နိုင်ငံ အရှေ့ ပိုင်း အခြေစိုက် စစ်တပ် အကြား အပစ်အခတ် ရပ်စဲရေး တောင်းဆိုမှုအား ကုလသမဂ္ဂ ကျောထောက် နောက်ခံ ပြုထားသော လစ်ဗျား နိုင်ငံ အစိုးရ ၀န်ကြီးချုပ် Fayez Serraj က ငြင်းဆိုခဲ့ကြောင်း အစိုးရ ပြောရေး ဆိုခွင့် ရှိသူက ဧပြီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ကမ်ပါလာ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ)

ယူဂန်ဒါနိုင်ငံ အရှေ့ပိုင်းရှိ ဒေသနှစ်ခုတွင် လွန်ခဲ့သောရက်များက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားရာ လူ ၁၈ သေဆုံးခဲ့ကြောင်း ယူဂန်ဒါ ရဲဘက်ဆိုင်ရာက ဧပြီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ 

အန်ကာရာ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံက အီရန်ထံမှရေနံတင်သွင်းမှုပြုနေသောနိုင်ငံများအပေါ် ပိတ်ဆို့မှုကင်းလွတ်ခွင့်ပေး နေခြင်းများအားအဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ခြင်းအပေါ်တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗ်လုသ် ကာဗူဆို ဂလု (Mevlut Cavusoglu) ဧပြီလ ၂၂ ရက် ကဝေဖန်ပြောကြားခဲ့ပါသည်။

Aybak ၊ အာဖဂန်နစ္စတန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဆမ်မန်ဂန်ပြည်နယ်တွင် ဧပြီလ ၂၁ ရက်က ကျောက်မီးသွေးတွင်း ပြိုကျမှုကြောင့် အလုပ်သမား ၈ ဦးခန့် အသက်ရှူကြပ်ကာ သေဆုံးခဲ့ကြောင်း ဒေသခံတာဝန်ရှိသူက ဧပြီလ ၂၂ ရက်တွင် ပြောကြားလိုက်သည်။

နယူးဒေလီ ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီးနှင့် ထရပ်ကား တစ်စီးတို့  ခေါင်းချင်းဆိုင် တိုက်မိမှုမှာ ယနေ့ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၇ ဦး သေဆုံးကာ ၃၀ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ ထံမှ သိရသည်။

ထရီပိုလီ ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂကျောထောက်နောက်ခံပြုထားသော လစ်ဗျားအစိုးရတပ်ဖွဲ့  နှင့် နိုင်ငံအရှေ့ ပိုင်းတွင် အခြေစိုက်သည့် လက်နက်ကိုင်တပ်ဖွဲ့ များအကြား ထရီပိုလီမြို့ တော်အတွင်း နှင့် အနီးအနားတစ်ဝိုက်တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ယခုအခါ အရပ်သားသေဆုံးသူဦးရေစုစုပေါင်း ၂၂ဝ ဦး နှင့် ဒဏ်ရာရသူ ၁,ဝ၆၆ ဦးအထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ဧပြီ ၂ဝ ရက်တွင် ပြောကြားခဲ့သည်။

ကဘူးလ်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ် အလယ်ပိုင်းရှိ အစိုးရရုံး အဆောက်အအုံနှင့် ဟိုတယ်တစ်ခု အပြင်ဘက်တွင် ဧပြီလ ၂၀ ရက်က ပေါက်ကွဲမှုနှင့် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

ဝါရှင်တန်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် လစ်ဗျားနိုင်ငံ စစ်တပ် တပ်မှူး ခါလီဖာ ဟတ်ဖ်တာ (Khalifa Haftar) နှင့် ဧပြီလ ၁၅ ရက်က တယ်လီဖုန်းဖြင့် “လုပ်ဆောင်နေဆဲ တန်ပြန် အကြမ်းဖက်မှု တိုက်ဖျက်ရေးအားထုတ်မှုများ” အကြောင်း ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က ဧပြီလ ၂၀ ရက်တွင် ပြောကြားလိုက်သည်။

မက္ကဆီကိုစီတီး၊ ဧပြီလ ၁၈ ရက်(ဆင်ဟွာ)

လစ်ဗျားနိုင်ငံတွင် မြို့တော်ထရီပိုလီ အတွင်းနှင့်အနီးပတ်ဝန်းကျင်၌ဖြစ်ပွားလျက်ရှိသော ကုလသမဂ္ဂ ထောက်ခံသည့်လစ်ဗျားအစိုးရတပ်ဖွဲ့များနှင့် နိုင်ငံအရှေ့ပိုင်းအခြေစိုက်တပ်ဖွဲ့များအကြားတိုက်ပွဲများ ကြောင့် သေဆုံးသူဦးရေမှာ ၁၈၉ ဦးနှင့် ဒဏ်ရာရသူ ၈၁၆ ဦးရှိပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ဧပြီလ ၁၇ ရက်ကပြောကြားခဲ့သည်။