16
Tue, Jul
544 New Articles

ဂါဇ်နီ ၊ မေ ၈ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ဂါဇ်နီ(Ghazni) ပြည်နယ်၌ အဝေးထိန်းမိုင်းတစ်လုံး(IED)ကို တပ်ဆင်နေစဉ် မတော်တဆပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး စစ်သွေးကြွ ၁၁ ဦးသေဆုံးသွားကြောင်း ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူက မေ ၈ ရက်တွင်ပြောကြားခဲ့သည်။

မော်စကို၊ မေ ၈ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း တွင် ရုရှား Ka-52 တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ရာ လေယာဉ်မှူး ၂ဦးစလုံး သေဆုံးသွားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန က မေ ၇ရက်တွင်ပြောကြားခဲ့သည်။

ဂျေရုစလမ် ၊ မေ ၈ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင်နက်တန်ယာဟုက အစ္စရေးနိုင်ငံအား မည်သည့်တိုက်ခိုက်လာမှုမျိုးကိုမဆို ပြတ်ပြတ်သားသား တုံ့ ပြန်မှုမျိုးဖြင့် ကြုံတွေ့ သွားရမည်ဖြစ်ကြောင်း မေလ ၇ ရက် မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။

အာဘူဂျာ ၊ မေလ ၈ ရက်(ဆင်ဟွာ)

နိုင်ဂျီးရီးယားစစ်တပ်က နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Bornoပြည်နယ်တွင် ကယ်ဆယ်ရေး လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ရာ ဘိုကိုဟာရမ်(Boko Haram)အစွန်းရောက်အဖွဲ့အစည်း၏လက်ထဲမှ ဓားစာခံလူ ၁၀၀၀ ခန့်ကို ကယ်ဆယ်နိုင်ခဲ့သည်ဟု နိုင်ဂျီးရီးယားစစ်တပ်က  မေလ ၇ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်းသိရသည်။ 

မိုင်မာနာ၊ အာဖဂန်နစ္စတန်၊ မေ ၆ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဖာယက်ပြည်နယ် မြို့တော်ဖြစ်သော မိုင်မာနာအပြင်ဘက်တွင် ယနေ့ (မေလ ၆ ရက်) လမ်းဘေးဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ အနီးအနားရှိ ကားပေါ်မှ အရပ်သား ၇ ဦးထပ်မနည်း သေဆုံးပြီး အခြားသူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။

ဂါဇာ ၊ မေလ  ၅ ရက်(ဆင်ဟွာ)

အစ္စရေးတို့၏နယ်မြေသိမ်းပိုက်မှုကို ဆန့်ကျင်သည့် ပါလက်စတိုင်းဆန္ဒပြပွဲများ မေ  ၄ရက်က နေရာအနှံ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တီဟီရန် ၊ မေ ၄ ရက် (ဆင်ဟွာ)

အီရန် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif က အီရန်နျူကလီးယား သဘောတူညီချက် အား ပြန်လည်ဆွေးနွေးခြင်း ပြုလုပ်မည် မဟုတ်ကြောင်း နှင့် အမေရိကန် အနေဖြင့် ဆက်လက်၍ သဘောတူညီချက်အား ချိုးဖောက်ခြင်း သို့မဟုတ် နုတ်ထွက်ခြင်း ပြုလုပ်ပါက အီရန် နိုင်ငံ က တုံ့ပြန်မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မေလ ၃ ရက်နေ့၌ ထုတ်ပြန် ကြေညာ ခဲ့သည်။

ကူဝိတ်စီးတီး၊ မေ ၄ရက် (ဆင်ဟွာ) 

ကူဝိတ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန က ကူဝိတ်နိုင်ငံ ၌ ၂၀၁၇ခုနှစ်တွင် လမ်းမတော်တဆမှုပေါင်း ၇၀,၆၈၇ခု ဖြစ်ပွားခဲ့ပြီး ယင်းမတော်တဆမှုများ နှင့် ဆက်စပ်၍ လူ ၄၂၈ဦး သေဆုံးခဲ့ကြောင်း မေ ၃ရက် တွင် ပြောကြားခဲ့သည်။

တူးနစ်၊ မေ ၄ ရက် (ဆင်ဟွာ)

တူနီးရှားနိုင်ငံ မြို့တော် တူးနစ်မြို့ တောင်ပိုင်း ဆင်ခြေဖုံးဒေသတွင် မေ ၃ရက် နေ့လည်ပိုင်းက ခရီးသည်တင် ရထား၂စင်း တိုက်မိရာ လူ ၁ဦးသေဆုံးပြီး အနည်းဆုံး လူ ၆၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း တူနီးရှား ပြည်ထဲရေးဝန်ကြီးဌာန က ပြောကြားခဲ့သည်။

အစ္စလာမ်မာဘတ်၊ မေ ၄ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် တွင် မေလ ၃ရက် က အသေခံဗုံးခွဲသမားတစ်ဦးသည် ဘတ်စ်ကားတစ်စီး အနီး၌ အသေခံဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့ရာ အနည်းဆုံး လူ ၃ဦးသေဆုံးပြီး အခြားလူ ၁၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်း Urdu TV channels က ဖော်ပြခဲ့သည်။