24
Wed, Apr
613 New Articles

အန်ကာရာ ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံ သမ္မတ Recep Tayyip Erdoğan က ဖေဖော်ဝါရီ ၂၁ ရက်နေ့၌ တူရကီ နိုင်ငံ အနေဖြင့် မောင်းသူမဲ့ တင့်ကား ကို ပြည်တွင်း၌ တီထွင် ထုတ်လုပ်သွားပြီး ပြည်တွင်း လက်နက် ထုတ်လုပ်မှု အရည်အသွေး ကို မြှင့်တင်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

နိုင်ရိုဘီ ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ လေတပ် က ဖေဖော်ဝါရီ ၁၉ ရက်နေ့ ၌် ဆိုမာလီယာ နိုင်ငံ တွင် Al-Shabaab အစွန်းရောက် အဖွဲ့အစည်း အား ဗုံးကြဲ တိုက်ခိုက်မှု ဆောင်ရွက်ခဲ့ရာ လက်နက်ကိုင် အဖွဲ့ဝင် ၃ ဦး ကို ရှင်းလင်းနိုင်ခဲ့ကြောင်း အမေရိကန် နိုင်ငံ အာဖရိက တိုက် စစ်ရေး ဌာနချုပ် ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အဘူဂျာ၊ ဖေဖော်ဝါရီ ၂၂  ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဆိုကိုတိုပြည်နယ်တွင် ဖေဖော်ဝါရီလ ၂၁ ရက်၌ ဓားပြအဖွဲ့တစ်ဖွဲ့က အကျဉ်းသားများ လွတ်မြောက်ရန် ကြိုးစားခဲ့သည့် တိုက်ခိုက်သူ နှစ်ဦးအား အကျဉ်းထောင် လုံခြုံရေးများက ပစ်သတ်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း အခြားသူများလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဘူဂျာ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ သမ္မတ Muhammadu Buhari က ယခုရက်သတ္တပတ်အစောပိုင်း တွင် မိန်းကလေးကောလိပ်တစ်ခု အား ဘိုကိုဟာရမ် စစ်သွေးကြွအုပ်စု က တိုက်ခိုက်ခဲ့သည့်အပေါ် စုံစမ်းစစ်ဆေးရန် ၎င်း၏ အစိုးရအဖွဲ့ဝင် သုံးဦးအား ဖေဖော်ဝါရီ ၂၁ရက်က ညွှန်ကြားခဲ့ကြောင်း သိရသည်။

ဂျိုဟန်နက်စ်ဘတ် ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

တောင်အာဖရိက နိုင်ငံ ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်း အချိန်တွင် အမည်မသိသေးသည့် လက်နက်ကိုင် အဖွဲ့ဝင် တစ်ဦး က Eastern Cape ပြည်နယ် Engcobo မြို့ ရှိ ရဲစခန်း တစ်ခု ကို တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၅ ဦး နှင့် အငြိမ်းစား အစိုးရ တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဂျေရုစလင် ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် Benjamin Netanyahu က ဖေဖော်ဝါရီ ၂၀ ရက်နေ့၌ ဂါဇာကမ်းမြောင် ဒေသ တွင် အစ္စရေး နိုင်ငံ အား တိုက်ခိုက်သည့် ဆောင်ရွက်မှုများ ဆက်လက် တည်ရှိနေပါက အစ္စရေး နိုင်ငံ အနေဖြင့် စစ်ရေးဆောင်ရွက်မှုများ ကို တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတိပေးပြောကြား ခဲ့သည်။

ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

ပါလက်စတိုင်း နိုင်ငံ သမ္မတ Mahmoud Abbas က ဖေဖော်ဝါရီ ၂၀ ရက်နေ့၌ နိုင်ငံတကာ အသိုင်းအဝိုင်း အား ပါလက်စတိုင်း နိုင်ငံအား ကုလသမဂ္ဂ ၏ တရားဝင် အဖွဲ့ဝင် နိုင်ငံ အဖြစ် လက်ခံရန် နှင့် ၁၉၆၇ ခုနှစ် တွင် ဂျေရုစလင် အရှေ့ပိုင်း အား မြို့တော် အဖြစ် သတ်မှတ် ပြီး ရေးဆွဲခဲ့သည့် နယ်နိမိတ် သတ်မှတ်ချက် ကို လက်ခံရန် တိုက်တွန်း ပြောကြား ခဲ့သည်။

နိုင်ရိုဘီ ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

ကင်ညာ နိုင်ငံ အနောက်ပိုင်း Nakuru ဒေသ ၌ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ညပိုင်းအချိန်တွင် ကားအများ ဆင့်တိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၅ ဦး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကင်ညာ နိုင်ငံ အစိုးရ အရာရှိ က ပြောကြား ခဲ့သည်။

ဒမတ်စကက်စ် ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံ နိုင်ငံပိုင် ရုပ်သံဌာန က ဖေဖော်ဝါရီ ၂၀ ရက်နေ့ ၌ အစိုးရ အား ထောက်ခံသည့် ဆီးရီးယား လက်နက်ကိုင် တပ်ဖွဲ့ က နိုင်ငံ မြောက်ပိုင်း Afrin ဒေသ သို့ စတင်ဝင်ရောက်သွားပြီး ဖြစ်ကြောင်း ရုပ်သံလိုင်းမှ တစ်ဆင့် ထုတ်လွှင့် ကြေညာ ခဲ့သည်။

ဘဂ္ဂဒက် ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

အီရတ် နိုင်ငံ တရားရုံး က ဖေဖော်ဝါရီ ၁၉ ရက် နေ့၌ တူရကီ နိုင်ငံသား IS အစွန်းရောက် အဖွဲ့ဝင် အမျိုးသမီး အား သေဒဏ်ချမှတ် ခဲ့ပြီး အခြား IS အဖွဲ့ဝင် နိုင်ငံခြားသား အမျိုးသမီး ၁၀ ဦး ကို တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ် လိုက်ကြောင်း သိရှိရသည်။