24
Wed, Apr
613 New Articles

မာပူတို၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

မိုဇမ်ဘစ်နိုင်ငံ မြို့တော် မာပူတိုမြို့ အစွန်အဖျား တွင် ဖေဖော်ဝါရီ ၁၉ ရက် အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စွန့်ပစ်အမှိုက်ပုံကြီးတစ်ခု ပြိုကျခဲ့ရာ အနည်းဆုံး လူ ၁၇ဦးသေဆုံးပြီး အခြားလူ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဂျာလာလာဘတ်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နမ်ဂါဟာပြည်နယ် Kotခရိုင် တွင် လွန်ခဲ့သည့် ၁၈လက IS စစ်သွေးကြွများ ပြန်ပေးဆွဲခေါ်ဆောင်သွားသော အာဖဂန်နိုင်ငံသား ၉ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြည်နယ်အစိုးရ ၏ပြောရေးဆိုခွင့်ရှိသူ Attaullah Khogiani က ဖေဖော်ဝါရီ ၁၉ ရက်တွင်ပြောကြားခဲ့သည်။

ဘဂ္ဂဒက် ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

အီရတ် နိုင်ငံ ရှီးအိုက် လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည့် ပြည်သူ့လှုပ်ရှားမှု အဖွဲ့အစည်း မှာ ဖေဖော်ဝါရီ ၁၈ ရက်နေ့ညပိုင်း အချိန်တွင် နိုင်ငံမြောက်ပိုင်း Kirkuk ပြည်နယ်၌် အကြမ်းဖက် အဖွဲ့အစည်း ၏ တိုက်ခိုက်မှု ကို ခံခဲ့ရကာ လူပေါင်း ၂၇ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ကဘူးလ်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း Farah ပြည်နယ် ရှိ တာလီဘန်တို့၏ မူးယစ်ဆေးဝါးဓါတ်ခွဲခန်းတစ်ခု ကို ပစ်မှတ်ထား၍ မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် စစ်သွေးကြွ ၈ဦးသေဆုံးပြီး မူးယစ်ဆေးဝါးဓါတ်ခွဲခန်းတစ်ခုပျက်စီးခဲ့ကြောင်း နိုင်ငံပိုင်သတင်းဋ္ဌာန Bakhtar News Agency (BNA) က ဖေဖော်ဝါရီ ၁၈ ရက်တွင်ဖော်ပြခဲ့သည်။

ဒမတ်စကပ်စ်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ မှ ထိုးစစ်ဆင်လျက်ရှိသော အက်ဖရင်းဒေသသို့ ဆီးရီးယားစစ်တပ် ဝင်ရောက်ခွင့် နှင့် ပတ်သက်သော သဘောတူညီချက် တစ်ခုကို ဆီးရီးယားစစ်တပ် နှင့် ကာ့ဒ်တပ်ဖွဲ့တို့ ပြုလုပ်ခဲ့ကြောင်း သတင်းတစ်ခုက ဖေဖော်ဝါရီ ၁၈ရက်တွင်ဖော်ပြခဲ့သည်။

တီဟီရန် ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံ၌ ခရီးသည်တင်လေယာဉ်တစ်စင်းသည် နိုင်ငံအလယ်ပိုင်း Dena တောင်တန်းပေါ်၌ ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းက ပျက်ကျခဲ့ရာ ၊ လေယာဉ်ပေါ်လိုက်ပါလာသူ ၆၆ ဦးစလုံး သေဆုံးသွားကြောင်း အီရန်နိုင်ငံမြို့ ပြလေကြောင်းပို့ ဆောင်ရေးဌာနအကြီးအကဲ Abed Zadeh ကအတည်ပြုပြောကြားခဲ့သည်။

တီဟီရန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ အစိုးရ က မြေအောက်ရေခန်းခြောက်တော့မည့် အခြေအနေနှင့် ကြုံတွေ့နေရသော ဧရိယာများတွင် စပါးစိုက်ပျိုးမှုကို တားမြစ်ရန် စီစဉ်နေကြောင်း Financial Tribune နေ့စဉ်သတင်းစာ က ဖေဖော်ဝါရီ ၁၇ ရက်တွင် ဖော်ပြခဲ့သည်။

လာဂို့စ်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ် ရှိ ဈေးတစ်ခုတွင် ဖေဖော်ဝါရီ ၁၆ ရက် က အသေခံဗုံးခွဲသမား ၃ဦး၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၂ဦးသေဆုံးခဲ့ပြီး ၂၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် သတင်းဋ္ဌာနဖြစ်သည့် News Agency of Nigeria (NAN) က ဖေဖော်ဝါရီ ၁၇ရက်တွင်ဖော်ပြခဲ့သည်။

အဘူဂျာ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဇမ်ဖာရာပြည်နယ်တွင် သေနတ်သမားများ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး သေဆုံးသူ ၁၈ ဦး ရှိခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၆ ရက်တွင် ပြောကြားလိုက်သည်။

ကိုင်ရို၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရို၏ အထင်ကရ တစ်ခုဖြစ်သော ကိုင်ရိုတာဝါတွင် ဖေဖော်ဝါရီလ ၁၅ ရက်က တရုတ် နှစ်သစ်ကူး ကျင်းပရန် အနီရောင်များဖြင့် ခြုံလွှမ်းထားသည်ကို တွေ့ရသည်။