25
Thu, Apr
600 New Articles

အန်ကာရာ ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံ သမ္မတ Recep Tayyip Erdoğan က တူရကီ နိုင်ငံ အစိုးရ တပ်ဖွဲ့ အနေဖြင့် ဆီးရီးယား နိုင်ငံ မြောက်ပိုင်း ဒေသတွင် ဆောင်ရွက်နေသည့် စစ်ရေးဆောင်ရွက်မှု များကို တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ပြီး Afrin ဒေသ အရှေ့ပိုင်း Manbij ဒေသ ကို ထိုးစစ်ဆင်သွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၆ ရက်နေ့၌ ပြောကြား ခဲ့သည်။

တီဟီရန်၊ ဖေဖော်ဝါရီ ၆ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ နာဂျတ်ဖ်မြို့တွင် ဖေဖော်ဝါရီ ၅ရက်က ဖြစ်ပွားခဲ့သည့် ဟိုတယ်မီးလောင်မှုကြောင့် အနည်းဆုံး အီရန်နိုင်ငံသား အမျိုးသမီး ၂ဦးသေဆုံးခဲ့ကြောင်း Iran Daily က ဖော်ပြခဲ့သည်။

ဒမတ်စကပ်စ် ၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ဖေဖော်ဝါရီ ၅ ရက်နေ့ ၌ ရေးသားဖော်ပြချက်အရ တူရကီ နိုင်ငံ ၏ ဆီးရီးယား နိုင်ငံ မြောက်ပိုင်း Afrinဒေသ တွင် သီတင်းပတ် ၂ ပတ်ကြာ ဆောင်ရွက်ခဲ့သည့် စစ်ရေးဆောင်ရွက်မှုကြောင့် လက်ရှိချိန်တွင် လူပေါင်း ၅၀၀ ဦး ခန့် သေဆုံး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဒူဘိုင်း၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့က လူပေါင်း ၆၀ ဦး ပါဝင်သော “အလိုရှိဆုံး ဝရမ်းပြေးစာရင်း” အား ဖေဖော်ဝါရီလ ၄ ရက်က ထုတ်ပြန်လိုက်ရာ ဆက်ဒမ်ဟူစိန်၏ သမီးအကြီးဆုံး Raghad လည်း ပါဝင်ကြောင်း သိရသည်။

အစ္စတန်ဘူလ်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ ရဲတပ်ဖွဲ့က နိုင်ငံခြားသား ၇၇ဦးအပါအဝင် IS စစ်သွေးကြွဟု သံသယရှိသူ ၈၂ဦးကို အစ္စတန်ဘူလ်မြို့၌ ဖေဖော်ဝါရီ ၃ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပြည်တွင်းမီဒီယာတစ်ခုကဖော်ပြခဲ့သည်။

အက်ခရာ ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

ဂါနာ နိုင်ငံ ရဲတပ်ဖွဲ့ က ဂါနာ နိုင်ငံ တောင်ပိုင်း Anyinam မြို့ အနီးတွင် ဖေဖော်ဝါရီ ၂ ရက်နေ့၌ ကားများ ဆင့်တိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၁၄ ဦး သေဆုံး ခဲ့ပြီး လူအများ ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြု ထုတ်ပြန်ခဲ့သည်။

အန်ကာရာ ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံ အစိုးရ တပ်ဖွဲ့ က ဇန်နဝါရီ ၂၀ ရက်နေ့၌ Afrin ဒေသ ကို စစ်ရေးဆောင်ရွက်မှု များ စတင်ပြုလုပ်ပြီးနောက်ပိုင်း တွင် တူရကီ နိုင်ငံ အရှေ့တောင်ပိုင်း Hatay ပြည်နယ် နှင့် Kilis ပြည်နယ် တို့အား ဆီးရီးယား နယ်နိမိတ် အတွင်း မှ ဒုံးကျည် ၈၂ စင်း ဖြင့် တိုက်ခိုက်ခဲ့ပြီး လူပေါင်း ၅ ဦး သေဆုံးကာ ၁၀၀ ခန့် ဒဏ်ရာရရှိ ခဲ့ကြောင်း တူရကီ နိုင်ငံ ဝန်ကြီးချုပ် Binali Yıldırım က ဖေဖော်ဝါရီ ၂ ရက်နေ့၌ ပြောကြား ခဲ့သည်။

ဂျိုဟန်နာဘာ့ဇ်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

တောင်အာဖရိကရှိ Nothern Free State ဒေသတွင် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် မြေအောက်၌ ပိတ်မိနေသော ရွှေတွင်းလုပ်သား ၉၀၀ ကျော်အား ကယ်တင်လိုက်ပြီဖြစ်ကြောင်း သတ္တုတွင်းပိုင်ရှင်က ဖေဖော်ဝါရီလ ၂ ရက်က ပြောကြားလိုက်သည်။

ထရီပိုလီ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံသည် ကုလသမဂ္ဂ ထောက်ပံ့ပေးမစ်ရှင်ဖြစ်သော ကုလသမဂ္ဂ မိုင်းလှုပ်ရှားမှုဝန်ဆောင်မှု (UNMAS) ၏ အကူအညီဖြင့် စစ်အတွင်းသုံး ပေါက်ကွဲစေသော အကြွင်းအကျန်ပစ္စည်း (Explosive Remnants of War= ERW) တန် ၂၀၀ ကျော်အား ဖေဖော်ဝါရီလ ၁ ရက်နှောင်းပိုင်က ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဂျိုဟန်နာဘာ့ဇ်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

တောင်အာဖရိကရှိ Northern Free State တွင် ဖေဖော်ဝါရီလ ၁ ရက်က လျှပ်စစ်မီးချို့ယွင်းမှုဖြစ်ပွားပြီးနောက် ရွှေသတ္တုတွင်း တစ်ခုရှိ မြေအောက်၌ သတ္တုတွင်းလုပ်သား ၉၅၀ ဦးခန့် ပိတ်မိနေခဲ့ကြောင်း သတ္တုတွင်း ပိုင်ရှင်က ပြောကြားခဲ့သည်။