25
Sat, May
582 New Articles

အန်ကာရာ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ Afrin ခရိုင်အတွင်း ဇန်နဝါရီလ ၂၀ ရက်က စစ်ဆင်ရေးပြုလုပ်ခဲ့ရာ ကာ့ဒစ် ပြည်သူ့ ကာကွယ်ရေးယူနစ်များ (YPG) အဖွဲ့ဝင် အနည်းဆုံး ၂၆၀ သေဆုံးခဲ့ကြောင်း တူရကီစစ်တပ်က ဇန်နဝါရီလ ၂၃ ရက်က ပြောကြားခဲ့သည်။

ဘဂ္ဂဒက် ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

အီရတ် နိုင်ငံ လုံခြုံရေး ဌာန တာဝန်ရှိသူ  က အီရတ် နိုင်ငံ မြောက်ပိုင်း Kirkuk ပြည်နယ် တွင် ရဲတပ်ဖွဲ့ က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင် IS အစွန်းရောက် လက်နက်ကိုင် အဖွဲ့ဝင် ၁၁ ဦး အား ပစ်ခတ်ရှင်းလင်း ခဲ့ကြောင်း ဇန်နဝါရီ ၂၂ ရက်နေ့ ၌ ပြောကြား ခဲ့သည်။

ဒမတ်စကပ်စ် ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံ မြို့တော် ဒမတ်စကပ်စ် အရှေ့ပိုင်း ရှိ ကားဂိတ် တစ်ခု တွင် ဇန်နဝါရီ ၂၂ ရက်နေ့ လက်နက်ကြီးများ ဖြင့် တိုက်ခိုက်မှု ခံခဲ့ရသောကြောင့်အရပ်သား ၉ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၂၁ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။

တီဟီရန် ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

အီရန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန က ဇန်နဝါရီ ၂၁ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် တူရကီ နိုင်ငံ အစိုးရ ၏ ဆီးရီးယား နိုင်ငံ Afrin မြို့ တွင် ဆောင်ရွက်နေသည့် စစ်ရေးဆောင်ရွက်မှုများကို ချက်ချင်း ရပ်တန့် စေလိုပြီး ဆီးရီးယား အရေး ပိုမို မဆိုးရွာ လာစေရန် အတွက် အီရန် နိုင်ငံ က တူရကီ နိုင်ငံ ၏ စစ်ရေး ဆောင်ရွက်မှုများ ကို အနီးကပ် စောင့်ကြည်နေကြောင်း ဖော်ပြထားသည်။

ထရီပိုလီ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံ အထူးထောက်လှမ်းရေးတပ်ဖွဲ့ သည် မကြာသေးမီကဖြစ်ပွားခဲ့သော ထရီပိုလီမြို့ ရှိ M’etiga အပြည်ပြည်ဆိုင်ရာလေဆိပ် တိုက်ခိုက်ခံရမှုတွင် ပါဝင်သည့် စစ်သွေးကြွ ၆၁ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့က ဇန်နဝါရီ ၂၁ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကင်ရှာဆာ ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ မြို့တော် ကင်ရှာဆာ တွင် ဇန်နဝါရီ ၂၁ ရက်နေ့ ၌ ဆန္ဒပြမှု ဖြစ်ပွား ခဲ့ရာ နောက်ပိုင်းအချိန်တွင် အစိုးရ လုံခြုံရေး တပ်ဖွဲ့ နှင့် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ပြီး လက်ရှိချိန်ထိ သေဆုံးသူ ၅ ဦး ရှိကြောင်း နှင့် ဆယ်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့ကြောင်း ကွန်ဂို နိုင်ငံ လုံခြုံရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရှိခဲ့ရသည်။

 

ကဘူးလ် ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ ရှိ Intercontinental ဟိုတယ်တွင် ဇန်နဝါရီလ ၂ဝ ရက် ညပိုင်းက တိုက်ခိုက်မှုဖြစ်ပွားရာ အနည်းဆုံး တိုက်ခိုက်ရေးသမားတစ်ဦး နှင့် အရပ်သားများစွာ သေဆုံးခဲ့ကြောင်း သတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။

ကိုင်ရို၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ သမ္မတ အဗ္ဗဒဲလ်-ဖက်တာ အယ်လ်-စီစီ (Abdel-Farrah al-Sisi) သည် သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံနိုင်ရန် မတ်လတွင် ကျင်းပရန်လျာထားသော သမ္မတ ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဇန်နဝါရီလ ၁၉ ရက်က ကြေညာလိုက်သည်။

အာမန် ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

အစ္စရေး နိုင်ငံ က ၂၀၁၇ ခုနှစ် တွင် ဂျော်ဒန် နိုင်ငံ ဆိုင်ရာ အစ္စရေး နိုင်ငံ သံရုံး တွင် ဖြစ်ပွား ခဲ့သည့် သေနတ် ပစ်ခတ်မှု နှင့် ပတ်သက်၍ ဂျော်ဒန် နိုင်ငံ ထံသို့ တရားဝင် တောင်းပန် လိုက်ပြီး ဖြစ်ကြောင်း ဇန်နဝါရီ ၁၈ ရက်နေ့ ၌ ဂျော်ဒန် နိုင်ငံ အစိုးရ က ထုတ်ပြန် ကြေညာခဲ့သည်။

အန်ကာရာ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အက်ဖရင်းမြို့အတွင်း စစ်ရေးအရ ဝင်ရောက်ဖြေရှင်းနိုင်ရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တူရကီစစ်တပ်က ၎င်း၏ တောင်ပိုင်းနယ်စပ် ဟာတေးပြည်နယ် သို့ ဇန်နဝါရီ ၁၈ရက်က တင့်ကား ၉စီးစေလွှတ်ခဲ့ကြောင်း နိုင်ငံပိုင် Anadolu သတင်းဋ္ဌာနကပြောကြားခဲ့သည်။