24
Sat, Aug
525 New Articles

အက်ခရာ ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ)

ဂါနာ နိုင်ငံ၏ မြို့ တော် အက်ခရာ မြောက်ပိုင်း ၂၈၀ ကီလိုမီတာ ကွာဝေးသော ကူမာစီ(Kumasi)မြို့ တွင် ကနေဒါ အမျိုးသမီးငယ် နှစ်ဦးကို ပြန်ပေးဆွဲမှုဖြင့် သံသယရှိသူ ၈ ဦးအား ဂါနာ လုံခြုံရေး အရာရှိများက ဖမ်းဆီးထားကြောင်း ပြန်ကြားရေး ၀န်ကြီး Kojo Oppong Nkrumah က ဇွန် ၁၂ ရက် နှောင်းပိုင်းတွင် ထုတ်ဖော် ပြောကြားခဲ့သည်။

ကိုင်ရို၊ ဇွန် ၁၃ ရက်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တောင်ပိုင်း  Helwan ရှိ အမြန်လမ်းမပေါ်တွင် ဇွန် ၁၂ ရက်က မီနီဘတ်စ် နှစ်စီး တိုက်မိမှုဖြစ်ပွားရာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီဂျစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ယင်းနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ 

အယ်လ်ဂျီးယား ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ)

အယ်လ်ဂျီးရီးယား စွမ်းအင် ကုမ္ပဏီ Sonatrach နှင့် ပေါ်တူဂီ စွမ်းအင် ကုမ္ပဏီ Galp တို့ သည် အယ်လ်ဂျီး ရီးယား မှ ပေါ်တူဂီသို့ ဓာတ်ငွေ့ တင်ပို့ မှုအား ၁၀ နှစ် ထပ်မံ သက်တမ်းတိုးရန် သဘောတူညီချက်အား ဇွန် ၁၁ ရက်တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း Sonatrach ကုမ္ပဏီ၏ ထုတ်ပြန်မှု အရ သိရသည်။

ရာအွန်ဒီ ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

 

ကင်မရွန်းနိုင်ငံ၏ မငြိမ်မသက်ဖြစ်ပေါ်နေသော အနောက်မြောက် အန်ဂရိုဖုန်း(Anglophone )ဒေသတွင် ဇွန် ၁၀ ရက်က လက်နက်ကိုင်ခွဲထွက်ရေးသမား ၈ ဦးကို ကင်မရွန်းတပ်ဖွဲ့များက သတ်ခဲ့ကြောင်း ဒေသခံအရာရှိများက ပြောကြားသည်။

ထရီပိုလီ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ)

ဧပြီ လဆန်းပိုင်းမှစ၍ လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီ တောင်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလျက်ရှိရာ အနည်းဆုံး ဒေသခံကျောင်းသားကျောင်းသူ ၁ သိန်း၂သောင်း စာသင်ရပ်နားခဲ့ရကြောင်း ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)  လစ်ဗျားအခြေစိုက်ရုံးမှ ဇွန် ၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

တီဟီရန်၊ ဇွန် ၉ ရက်(ဆင်ဟွာ)

အီရန်သမ္မတရိုဟာနီ နှင့် တူရကီသမ္မတ ရီဆက်တေရစ် အာဒိုဂန် တို့နှစ်ဦးက ဇွန်လ ၈ ရက်နေ့တွင် နှစ်နိုင်ငံအပြန်အလှန်အကျိုးရှိစေမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကာ ကွဲပြားမှုဖြစ်နေသည့်နယ်မြေ များအတွင်း ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးများကျယ်ပြန့်လာစေရေးဆောင်ရွက်ရန် သန္နိဌာန်ချခဲ့ ကြကြောင်းသိရသည်။

ကူဝိတ်စီးတီး၊ ဇွန် ၉ ရက်(ဆင်ဟွာ)

ယီမင်နိုင်ငံ တောင်ပိုင်း Dhalea ပြည်နယ်ရှိ ဗလီဝတ်ပြုကျောင်းတစ်ခု ဇွန် ၇ ရက်က တိုက်ခိုက်ခံရမှုဖြစ်ပွား ရာ အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး အခြားလူအချို့ ဒဏ်ရာရရှိခဲ့ကြောင်း ယီမင်လုံခြုံရေးဌာန အရာရှိတစ်ဦးက အချင်းဖြစ်ပွားသောနေ့တွင် ပြောကြားခဲ့သည်။ 

တီဟီရန်၊ ဇွန် ၇ ရက် (ဆင်ဟွာ) 

 

အီရန်နိုင်ငံသမ္မတ ဟာဆန်ရိုဟာနီ (Hassan Rouhani) သည် အာရှတိုက်တွင် အပြန်အလှန် ဆက်သွယ်မှုနှင့် ယုံကြည်မှုတည်ဆောက်ခြင်းဆောင်ရွက်ရေး  ထိပ်သီးအစည်းအဝေး (CICA)အားတက်ရောက်ရန် လာမည့်ရက်သတ္တပတ် တွင် တာဂျစ်ကစ္စတန်နိုင်ငံ ၏ မြို့တော်ဒူရှန်းဘီ (Dushanbe) သို့သွားရောက်မည်ဖြစ်ကြောင်း Tasnim သတင်းအေဂျင်စီက  ဇွန် ၆ ရက်တွင်ဖော်ပြခဲ့သည်။

အေဒင် ၊ ဇွန် ၇ ရက်(ဆင်ဟွာ)

ယီမင်နိုင်ငံ တောင်ပိုင်း ဆိပ်ကမ်းမြို့ တော် အေဒင်၌ ဇွန် ၆ ရက် ညပိုင်းတွင် သီချင်းဆိုဖျော်ဖြေပွဲ တစ်ခု၌ အမည်မသိ သေနတ်တစ်ဦး တစ်ဦးက လက်ပစ်ဗုံးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် တစ်ဦး သေဆုံး သွားခဲ့ကြောင်း လုံခြုံရေး အရာရှိ တစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ဘဂ္ဂဒက်၊ ဇွန် ၆ ရက်(ဆင်ဟွာ)

ISအစွန်းရောက်အဖွဲ့ကို ချေမှုန်းရန် အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာမဟာမိတ်အဖွဲ့သည် ဇွန် ၅ ရက်က အီရတ်နိုင်ငံ အနောက်ပိုင်း Al Anbarပြည်နယ်ရှိ  IS စခန်းတစ်ခုကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ လက်နက်ကိုင် ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။