ဒါအိစလန် ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)
တန်ဇန်းနီးယား နိုင်ငံ အနောက်ပိုင်း Tabora ဒေသ၌ ဧပြီလ ၄ ရက်နေ့ ညပိုင်း အချိန်တွင် ခရီးသည် တင်ယာဉ် တစ်စင်း နှင့် ကုန်တင်ကား တစ်စင်း တိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၁၂ ဦး သေဆုံး ခဲ့ပြီး ၄၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တန်ဇန်းနီးယား ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ကြေညာ ချက်အရ သိရှိရသည်။