23
Wed, Oct
570 New Articles

ခါတွန်၊ သြဂုတ် ၃ ရက်(ဆင်ဟွာ)

ဆူဒန်နိုင်ငံတွင ်အသွင်ကူးပြောင်းရေးကာလအစိုးရအဖွဲ့ အတွက် ကာလသစ်တစ်ခုကို ဦးတည်ကာ ဆူဒန်အာဏာရစစ်ကောင်စီ(TMC)နှင့် အတိုက်အခံလွတ်လပ်မှု နှင့် ပြောင်းလဲမှုအဖွဲ့ချုပ်(Freedom and Change Alliance) တို့အကြား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကြေညာချက်အပေါ် သဘောတူ ညီမှု အပြည့်အဝရရှိခဲ့ကြကြောင်း သြဂုတ်လ ၃ ရက်က အာဖရိကသမဂ္ဂ၏ ဆူဒန်နိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်ဖြစ်သူမိုဟာမက်ဟာကင်လီဘတ်(Mohamed Hacen Lebatt) ကပြောကြားခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း၌ အပစ်အခတ်ရပ်စဲကြောင်း သြဂုတ်လ ၁ ရက်ညပိုင်းက ထုတ်ပြန်သည့် ကြေညာချက်အပေါ် ကုလသမဂ္ဂအနေဖြင့် ကြိုဆိုကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် စတီဖန် ဒူဂျာရစ် (Stephane Dujarric) က သြဂုတ်လ ၂ ရက်တွင် ပြောကြားခဲ့သည်။

ဂျေရုဆလမ်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

နာမည်ကျော် အမေရိကန်အဆိုတော် ဂျနီဖာလိုပက်ဇ်က အစ္စရေးနိုင်ငံတွင် ၎င်း၏ ပထမဆုံးရှိုးပွဲကို သြဂုတ်လ ၁ ရက် ညနေပိုင်းက ဖျော်ဖြေခဲ့ရာ ပရိသတ် ၅၇,၀၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အစ္စလာမ်မာဘတ်၊ ဇူလိုင် ၃၁ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistanပြည်နယ် Quettaမြို့တွင် ဇူလိုင် ၃၀ ရက် ညနေပိုင်းက ဖောက်ခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကဘူးလ်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း အဝေးပြေးလမ်းမတစ်ခုပေါ်တွင် ယနေ့(ဇူလိုင် ၃၁ ရက်)၌ ခရီးသည်ယာဉ် မတော်တဆမှုကြောင့် လူ ၃၀ ကျော်သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။(Xinhua)

တီဟီရန် ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ)

အီရန် နိုင်ငံက လိုအပ်လာလျှင် ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုများ လုပ်ဆောင်လိမ့်မည်ဟု အီရန် စစ်ဘက် အရင်းအမြစ်က နိုင်ငံပိုင် IRNA သတင်းအေဂျင်စီသို့ဇူလိုင် ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ရာဘတ်၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ)

မော်ရိုကိုနိုင်ငံ မြောက်ပိုင်း တန်ဂျီးယားမြို့အနီးတွင် IS အစွန်းရောက်အဖွဲ့နှင့်ဆက်စပ်သူ ၅ ဦးကို ဇူလိုင် ၂၇ ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း မော်ရိုကို ပြည်ထဲရေးဝန်ကြီးဌာနက ယင်းနေ့တွင် သတင်း ထုတ်ပြန် ခဲ့သည်။

တီဟီရန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

အီရန်အမျိုးသား ရေနံတင် သင်္ဘောကုမ္ပဏီ(NITC)သည် တစ်လ ခန့်ကြာသော တန် ၃၂၀,၀၀၀တင် ရေနံတင်သင်္ဘောကြီးအား ပြုပြင်မွမ်းမံမှု အောင်မြင်စွာပြီးစီးသွားကြောင်း တီဟီရန် တိုင်း နေ့စဉ်သတင်းစာတွင် ဇူလိုင် ၂၆ ရက်က ဖော်ပြခဲ့သည်။

တူးနစ်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

တူနီးရှားနိုင်ငံတွင် သမ္မတရွေးကောက်ပွဲ ပထမအကျော့အား စက်တင်ဘာလ ၁၅ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ သီးခြားလွတ်လပ်သော အဆင့်မြင့်အာဏာပိုင်အဖွဲ့ (ISIE) က ဇူလိုင်လ ၂၅ ရက်တွင် ကြေညာလိုက်သည်။

တူးနစ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

တူနီးရှားသမ္မတ Beji Caid Essebsi သည် တူနီးရှားနိုင်ငံ၊ မြို့တော်တူးနစ်မြို့ ရှိ စစ်ဆေးရုံတွင် ဇူလိုင် ၂၅ ရက် ၌ ကွယ်လွန်ခဲ့ကြောင်း သမ္မတရုံးမှ ကြေညာချက်တစ်ရပ်တွင် ဖော်ပြပါရှိသည်။ (Xinhua)