24
Sun, Mar
707 New Articles

ထရီပိုလီ၊ မတ် ၁၃ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံ ကမ်းရိုးတန်း နှင့် ဆိပ်ကမ်းလုံခြုံရေးဌာန က လစ်ဗျားနိုင်ငံအနောက်ပိုင်း ကမ်းရိုးတန်းအလွန်တွင် ၌ တရားမဝင် ရွှေ့ပြောင်းသွားလာသူ ၂၃ဦးကို ရေနံတင်သဘောင်္တစ်စီး မှ ကယ်တင်ခဲ့ကြောင်း မတ် ၁၂ရက်နှောင်းပိုင်းက ပြောကြားခဲ့သည်။

ကိုင်ရို၊ မတ် ၁၂ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံတွင် ဇွန်လ ဂျပန်နိုင်ငံ အိုဆာကာ မြို့တွင် ဇွန်၂၈ နှင့် ၂၉ရက်တွင် ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးအားတက်ရောက်ရန်  ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe) ၏ ဖိတ်ကြားချက်ကို အီဂျစ်နိုင်ငံသမ္မတ အဗ္ဗဒယ်လ်-ဖက်တာ အယ်လ်-စီစီ  (Abdel-Fattah al-Sisi) အနေဖြင့် မတ်လ ၁၁ ရက်တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။

ကဘူးလ် ၊ မတ် ၁၂ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း Badghisပြည်နယ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုကို မတ် ၁၁ ရက် ညပိုင်းက တာလီဘန်လက်နက်ကိုင်များ ၀င်ရောက်တိုက်ခိုက်ရာ အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးခဲ့ကြောင်း အာဖဂန် အစိုးရက မတ် ၁၂ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

ရာဘတ် ၊ မတ် ၁၂ ရက်(ဆင်ဟွာ)

မော်ရိုကို နိုင်ငံ မြို့ တော် Oujda ၌ မတ် ၁၁ ရက်တွင် မော်ရိုကို နိုင်ငံသား ၂ ဦး နှင့် ဆာဟာရ တိုက်ခွဲ ဒေသမှ အာဖရိကတိုက်သား ၅ ဦးအား တရားမ၀င် ရွှေ့ ပြောင်းနေထိုင်သူ ကွန်ယက်များဖြင့် ဆက်စပ်မှု ရှိသည်ဟု သံသယ ရှိမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း မော်ရိုကိုနိုင်ငံ ရဲတပ်ဖွဲ့ မှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဘဂ္ဂဒက်၊ မတ် ၁၂ ရက်(ဆင်ဟွာ)

အီရတ် ၀န်ကြီးချုပ်Abdul Mahdi  သည် မတ် ၁၁ ရက်တွင် အီရတ်သို့လာရောက်လည်ပတ်သည့် အီရန် သမ္မတ Rouhani နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆွေးနွေးပွဲအပြီးတွင် ကုန်သွယ်စီးပွားပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ 

ဒမတ်စကက်စ်၊ မတ် ၁၁ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံအနေဖြင့် အရှေ့အရပ်ရှိနိုင်ငံများသို့ မျက်နှာမူအလေးထားသည့် ပေါ်လစီ(Look East Policy)ကို ခိုင်မာစွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆီးရီးယား-တရုတ်နှစ်နိုင်ငံဆက်ဆံရေးနှင့် လက်တွေ့ ကျသည့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်လာစေရန် တွန်းအားပေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဆီးရီးယား သမ္မတ Bashar al-Assad က မတ်လ ၁၀ ရက် တွင် ပြောကြားခဲ့သည်။ 

အက်ဒစ်အဘာဘာ၊ မတ် ၁၁ ရက် (ဆင်ဟွာ) 

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ သို့ ဦးတည်ပျံသန်းစဉ် မတ် ၁ဝ ရက် နံနက်ပိုင်းက လေယာဉ်ပျက်ကျမှုဖြစ်စဉ်တွင် အသက်ရှင်ကျန်ရစ်သူ မရှိကြောင်း အီသီယိုးပီးယားလေကြောင်းလိုင်းက အတည်ပြုခဲ့သည်။

ရှာအလာမ် ၊ မလေးရှား ၊ မတ် ၁၁ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံသား အမျိုးသားတစ်ဦးအား ၂ဝ၁၇ ခုနှစ်တွင် မလေးရှားလေဆိပ်တစ်ခု၌ သတ်ဖြတ်ခဲ့မှုအတွက် တရားစွဲဆိုခံထားရသည့် အင်ဒိုနီးရှားအမျိုးသမီး Siti Aisyah အား ၂ဝ၁၉ ခုနှစ် မတ်၁ဝ ရက်တွင် ၄င်းအပေါ်စွဲဆိုထားသော ပြစ်မှုများကို အစိုးရရှေ့ နေများက ပယ်ဖျက်ပေးခဲ့ပြီးနောက် မလေးရှားနိုင်ငံက ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။(Xinhua) 

အက်ဒစ်အဘာဘာ၊ မတ် ၁၀ ရက် (ဆင်ဟွာ)

အီသီယိုးပီးယားလေကြောင်းလိုင်းမှ ဘိုးရင်း ၇၃၇ လေယာဉ်တစ်စင်း သည် ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့သို့ ပျံသန်းနေစဉ် ပျက်ကျသွားခဲ့ကြောင်း မတ် ၁၀ရက် နံနက်ပိုင်းတွင် အီသီယိုးပီးယားနိုင်ငံ ဝန်ကြီးချုပ်ရုံးက အတည်ပြုပြောကြားခဲ့သည်။

တူနီးရှား၊ မတ် ၁၀ ရက်(ဆင်ဟွာ)

တူနီးရှားနိုင်ငံ မြို့တော်ရှိဆေးရုံတစ်ရုံတွင် မတ် ၇ ရက်နှင့် ၈ ရက်များက မွေးကင်းစကလေးငယ် ၁၁ ဦး အကြောင်းမဲ့သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း တူနီးရှားအစိုးရမီဒီယာများ၏ မတ် ၉ ရက် သတင်း များ အရ သိရသည်။